3.2K 432 15
                                    

Unicode >>>>>

အဆက်မပြတ် စီးဆင်းနေသော ရေတံခွန် ကြီးဟာ ဆူညံ့နေသလောက် သူတို့ နှစ်ယောက်ရဲ့
အခြေအနေ က တိတ်ဆိတ်နေလျှက်

ခဏ ခဏ သက်ပြင်းချကာ
ရေထဲသို့ ခဲလုံးတွေကို တစ်လုံးပြီး
တစ်လုံး ပစ်ချနေတဲ့ ထယ်ယောင်း

" ဂျောင်ကု "

ဂျောင်ကု သူ့ နာမည်ကြားတော့ ဘေးနားက သခင်လေး ဖြစ်သူ ထယ်ယောင်း ကို ကြည့်မိသည်

" စောနက အဖေနဲ့ ပြောတာတွေကို
မင်း ကြားသွားတယ်မလား.. "

ဂျောင်ကု ခေါင်းငြိမ့် ပြလိုက်သည်

" မင်း ဘယ်လို ထင်လဲ? "

" ဟင်... ဘာကို... "

ထယ်ယောင်း သက်ပြင်းချကာ

" လက်ထပ်ရမဲ့ ကိစ္စကို "

" ဒါကတော့ အသက်ရွယ် တစ်ခု
ကို ရောက်လာခဲ့ရင် လုပ်ရမဲ့ အရာဘဲလေ သခင်လေး ရဲ့ "

" ငါ တကယ်မပျော်ဘူး ဂျောင်ကု
အတင်းချူပ်ချယ်တာမျိူးတွေ
ငါ သိပ်မုန်းတာ "

" သခင်လေး... "

ထယ်ယောင်း ဂျောင်ကု ဘက်ကို လှည့်ကြည့်လိုက်သည်

"သခင်လေး နဲ့ ယူရမဲ့ သူက လှလား
ဟင် "

ထယ်ယောင်း ပြုံးလိုက်သည်

"ဂွန်းဂျူ က လှတယ်ဆိုတာထက်
ယှဉ်ပြီး ချောတဲ့ထဲမှာပါတယ်

သူ့ကို ဘယ် ယောကျာ်း လေးမဆို လို ချင်ကြတဲ့ အထဲမှာလဲပါတယ် "

ဂျောင်ကု သူ မမေးချင်သည့် မေးခွန်းကို သူမေးလိုက်သည်

"အဲ့ထဲမှာ သခင်လေး ရောပါလား"

"ငါလား ?"

ဂျောင်ကု ခေါင်းငြိမ့် ပြလိုက်သည်
ဒါပေမဲ့ ထယ်ယောင်း ခေါင်း မငြိမ့်ဖို့
အတွက်သာ သူဆုတောင်း နေမိသည်

" ဟင့်အင်း.... ငါ ဂွန်းဂျူ ကို မကြိုက်ဘူး ချစ်လဲ မချစ်ဘူး "

" သခင်လေး ချစ်ရသူ များ ရှိနေတာလား မဟုတ်မှလွှဲရော "

ဂျောင်ကု ဟာ ထယ်ယောင်း မျက်နှာကို မကြည့်ဘဲ စီးဆင်းနေသော ရေတံခွန် ကိုသာ သူကြည့်ရင်း မေး
လိုက်သည်

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Où les histoires vivent. Découvrez maintenant