십사

2.7K 418 27
                                        

Unicode>>>>

ဖတ်လက်စ စာရင်းစာချူပ် တစ်ဝက်ကို ဖတ်ပြီး ဘေးနားက အကို ဖြစ်သူ
ဆေးဖော်နေတာကို ဂျောင်ကု တွေ့လိုက်ရ
တာကြောင့် သူ လှမ်းခေါ်လိုက်သည်

"အကို နမ်ဂျွန်း "

ဖော်လက်စ ဆေးတွေကို ခဏ ရပ်ထားပြီး
ညီဖြစ်သူရဲ့ အခေါ်ကို သူ ပြန်ထူးလိုက်သည်

"အင်း... ဘာပြောမလို့လဲ "

" အခု အပြင်ခဏ ထွက်ချင်လို့ စာဖတ်ရတာ ငြီးငွေ့ လာတာမို့ လေ "

နမ်ဂျွန်း တစ်ယောက် ပြတင်းပေါက်ကနေ
အပြင်ကို ကြည့်မိတော့ ညလဲ အတော် မိုးချုပ်နေပြီ

" မိုးချုပ်နေပြီ ထွက်မလို့လား "

" ခဏ ပါဘဲ ဟိုနား ဒီနား လမ်းလျှောက်ရုံပါ "

" အေးနေတာမို့ အပေါ်က ခြုံထည်ကို ယူ
သွား မင်းက နည်းနည်း အအေးမိတာနဲ့
နှာစေးတက်တယ်မလား "

" ဟုတ်ကဲ့ ကျွန်တော် ယူသွား လိုက်ပါမယ်"

ဂျောင်ကု က နမ်ဂျွန်း အတွက် သွေးမတော် တဲ့ ညီအကို ဖြစ်နေပေမဲ့ နမ်ဂျွန်း ကတော့ ဂျောင်ကု လေးကို ညီတစ်ယောက်လို ချစ်ခင် တွယ်တာမိတာ အမှန်

တစ်ဦးတည်းသော သားဖြစ်တာမို့ ညီအစ်ကို မောင်နှမ ကိုတော့ နမ်ဂျွန်း လိုချင်ခဲ့သည် ဒုက္ခရောက်လာတဲ့
ဂျောင်ကု ကို တွေ့တွေ့ချင်း သနားမိပြီး ညီတစ်ယောက် လို စောင့်ရှောက်ပေးချင်ခဲ့သည်

လူတိုင်းရဲ့ အမြင်မှာ ကုန်သည်ကြီး ကင်မှာ
သား နှစ်ယောက် ရှိသည်လို့ သာ ထင်ကြသည် အမှန်တော့ ဂျောင်ကု နှင့် နမ်ဂျွန်း
တို့က သွေးသားမတော်စပ်ပါ

The Words In My Heart __________

ဆောင်းလေ ဝင်လာမို့ ညဘက် ကတော့ ဆောင်းလေ တဖြူးဖြူးနဲ့ အေးစိမ့် လို့
နေလေရဲ့ ဘယ်လောက်ဘဲ အေးနိုင်ပါစေ
အုံးတော့ သူ့ရင်ထဲက လောင်ကျွမ်း
နေတဲ့ အပူမီးကိုတော့ ဖျောက်ပစ်နိုင်မည်
မထင်ပါ....

"လူကြီးမင်း တစ်ယောက် တည်း လား"

ကိုယ့်အတွေးနဲ့ကို နယ်ချဲ့နေတုန်းမို့ အနောက်ဘက်က ထွက်လာတဲ့ အသံသေးသေး မိန်းကလေး တစ်ယောက် ရဲ့ အသံ
ကြောင့် ဂျောင်ကု အနောက် လှည့်ကြည့်လိုက်သည်

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Место, где живут истории. Откройте их для себя