3K 456 14
                                    

Unicode >>>>>

ဆောင်ပုံထဲမှာ ကွေးကွေးလေးနေကာ နှာတွေခဏခဏ ချီနေတဲ့ ဂျောင်ကု ကို ကြည့်ရင်း ထယ်ယောင်း ဒေါသထွက်မိသည်

" အဖျားတွေကို တက်နေတာဘဲ "

ကျယ်ပြန့်လှတဲ့ ဂျောင်ကု နဖူးကို လက်တင်ကာ စမ်းရင်း ထယ်ယောင်း
ပြောလိုက်သည်

" နောက်တစ်ခါ အဲ့လို ခေါင်းကြောမမာနဲ့
အဲ့ကျရင် မင်း ရဲ့ မာနေတဲ့ ခေါင်းကို
ငါရိုက်ခွဲ ပလိုက်မယ် "

ဂျောင်ကု ဒေါသထွက်နေတဲ့ ထယ်ယောင်း
မျက်နှာလေးကို ကြည့်ကာ သူပြုံးလိုက်သည်

"ရယ်တယ်? သေချင်လို့လား
နေမကောင်း နေတာတောင် "

"မဟုတ်ပါဘူး သခင်လေး က အရမ်း
ရယ်စရာ ကောင်းနေလို့ပါ "

" ဆေးသောက်ထားတာမို့ နားနားနေနေ
နေအုံး "

ရေလှဲ အဝတ် အဝတ်ဇလုံ လေးကိုမကာ
ထွက်မယ် အလုပ် ရုတ်တရက် ကြမ်းပြင်
ကချော်ထွက်သွားသည်မို့

လှဲနေတဲ့ ဂျောင်ကု ရဲ့ အပေါ်သို့ ထယ်ယောင်း ပြုတ်ကျသွားသည်

ရုတ်တရက် အရှိန် နဲ့ ပြုတ်ကျတာမို့
ဂျောင်ကု က သူ့ အပေါ်က နေ ပြုတ်ကျ
နေတဲ့ ထယ်ယောင်း ကို ဖတ်မိသလို အနေအထား

"..........."

တစ်ယောက် မျက်နှာ နဲ့ တစ်ယောက် ဟာ
နီးကပ် လွန်းတဲ့ အနေအထားကြောင့် ထယ်ယောင်း ရဲ့ မျက်နှာတွေက ရဲတွတ်လာခဲ့သည်

နှစ်ယောက်လုံး ရဲ့ ရင်ခုန်သံတွေဟာ မြန်ဆန်လွန်းနေလို့ တစ်ယောက် နဲ့
တစ်ယောက် က အတိုင်းသားကြားနေရသည်

"သ.. သခင်လေး "

"ဟင်... ဟင် "

"ကျွန်တော့် အပေါ်ကနေ ဖယ်ပေးလို့ရမလား? လေးနေပြီ "

"အာ.. အော်... အင်း "

ထယ်ယောင်း မတ်တပ်ထကာ အကျီတွေကို ဆွဲချလိုက်သည်

"ငါ.. ငါ... သွားပြီ "

ရှက်ရှက်နဲ့ ထွက်သွားတဲ့ ထယ်ယောင်း ကို ဂျောင်ကု အနောက်ကနေ ရယ်ရင်း ကျန်ခဲ့လေသည်

The Words In My Heart __________

" ဂျောင်ကု မင်း ကသိပ်တော်တဲ့ ကောင်လေးဘဲ "

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Wo Geschichten leben. Entdecke jetzt