2.8K 396 25
                                    

Unicode >>>>>>

ဒီနေ့ ညကတော့ ထယ်ယောင်း အိပ်လို့
ပျော်မယ်မထင် မိပါ ပူနွေးနွေးဖြစ်ပျက်ခဲ့တဲ့ အနမ်း တွေကြောင့် အခုချိန်ထိ ရင်တွေ
ခုန်နေဆဲ

" အိမ်မက်မဟုတ်လောက်ဘူး မလား"

သူ့ရဲ့ နူတ်ခမ်းလေးကို လက်လေးဖြင့်
အသာလေး ပြန်စမ်းရင်း ကိုယ့် ကို
ကိုယ် ပြန်မေးနေမိသည်

"ငါ ဂျောင်ကု ကို ချစ်နေသလို သူလဲ
ငါ့ကို အဲ့လို စိတ်များရှိနေမလား "

ခုန်ကြွလာတဲ့ ရင်ဖက်အစုံကို လက်လေး
တင်ကာ ပြန်စမ်းနေမိတဲ့ ထယ်ယောင်း

" တကယ်လား? ငါတို့ တကယ်ဘဲ
ဒီလိုလုပ်ခဲ့ ကြတာလား? "

တွေးရင်းနဲ့ ရှက်လာသည်မို့ ခြုံစောင်လေးကို ခေါင်းမြီး ခြုံလိုက်ရင်း

"အရူး... မင်း တကယ်ရူးနေတာဘဲ "

ခြုံစောင်ထဲမှာ တစ်ယောက် ထဲ ပျော်မြူး
နေတဲ့ ထယ်ယောင်း
ဒါက ပထမဆုံး သူ့ရဲ့ အနမ်းဖြစ်သလို ပထမဆုံး သော အချစ်လဲ ဖြစ်ခဲ့သည်

ထယ်ယောင်း ပေးထားတဲ့ စာအုပ်လေးကို
ဂျောင်ကု ဖတ်ရင်း သူ မအိပ်နိုင်သေးပါ
သူ့ နူတ်ခမ်းလေးကို ကိုင်ရင်း ဂျောင်ကု
ပြုံးမိလိုက်သည်

" ချစ်ဖို့ကောင်းတယ် "

ရှက်သွေးဖြာလာတဲ့ ထယ်ယောင်း မျက်နှာ
လေးကို မြင်ရင်း ဂျောင်ကု မှာ အသဲယား
လာခဲ့သည်

" ဘာလို့ ကျွန်တော့်ကို အဲ့လောက်တောင်
ဆွဲဆောင် နိုင်ခဲ့တာလဲ သခင်လေး ရယ် "

ဂျောင်ကု ဖြစ်နိုင်ရင် ထိုအချိန် လေးတွေကို သူရပ်တန့်ထား ချင်လိုက်သည်....

" မဟုတ်ဘူး.... ဂျောင်ကု မင်း မှားသွားပြီ
တကယ်မှားသွားပြီ "

စိတ်ထဲ ခုလာတဲ့ အရာ တွေက ခေါင်းထဲ တန်းစီ
ဝင်လာခဲ့သည်

"ငါ မလုပ်ခဲ့ သင့်ဘူး "

The Words In My Heart _______________

ထယ်ယောင်း အရင်က ထက် သူအစောကြီး နိုးနေမိသည် ဒီနေ့ က သာမန်နေ့တွေနဲ့ မတူဘဲ သူ တက်ကြွနေမိသည်

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Onde histórias criam vida. Descubra agora