십팔

4.6K 414 125
                                    

Unicode>>>>>>>

ရင်ခွင်ထဲ ဝယ် အိပ်စက်နေတဲ့ သိပ်လှလွန်းတဲ့ ကောင်လေး ဟာ လူသားလို့ မထင်မှတ်
ရလောက်အောင်ထိ ကို ချောလွန်းနေသည်။

အိပ်ပျော်နေသည်မို့ ရှည်လျား ကော့ဆင်း
နေတဲ့ မျက်တောင် လေးတွေက အစ
သိပ်လှသည်။ ညက နမ်းရှိုက်ခဲ့ရသည့်
နီရဲလှသည့် နူတ်ခမ်းလေး အစုံကလဲ
နောက်တစ်ဖန် နမ်းချင် လောက်အောင်် ထိ
သိပ်လှလွန်းသည်

"ထယ်.... "

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူ့ကို
ပါးလေး အသာကိုင်ကာ နိူးတော့
နူတ်ခမ်းလေး ဆူလာသည် သို့သော်
မျက်လုံး လေးတွေက မပွင့်

"အင်း.... "

"ထလေ... မနက် ရောက်နေပြီ "

" ခဏလေး ပါ ဂျောင်ကု ရယ်....
ငါ အိပ်ရေး မဝသေးလို့ပါ ခဏလေး အိပ်ပြရစေ နော်... "

ရင်ခွင်ထဲ ခွေးပေါက်လေး လို အတင်းတိုးကာ လာဖက်အိပ်နေတဲ့ ထယ်ယောင်း ကို
ကြည့်ရင်း ဂျောင်ကု ပြုံးမိပါသည်။ အချိန် တွေ ဘယ်လောက်ကြာကြာ သူ့ရဲ့ ကလေး
ဆန်တဲ့ စိတ်ကတော့ အခုထိ မပျောက်သေးဘဲ ချစ်ဖို့ ကောင်း‌နေတုန်း

" ဟုတ်ပါပြီ... ခဏလေးဘဲ ရမယ်နော် "

"အင်းပါ ဂျောင်ကု ရဲ့ "

ဖြူဖွေးနေတဲ့ ပါးပြင်လေးကို ဂျောင်ကု
ငုံနမ်းလိုက်ရင်း ထယ်ယောင်း ကို တင်းကျပ် နေအောင် ဖက်ကာ သူပါ
နောက်တစ်ကြိမ် ထပ်အိပ်လိုက်သည်

The Words In My Heart __________

ယနေ့ညက ပွဲတော်ရက် ရှိတာမို့ ဂျိူဆွန်းက ပြည်သူများ စိတ်လှုပ်ရှားပြီး ပျော်ရွှင်
ကြသည့် နေ့ဖြစ် ပေလိမ့်မည်။

"ဂျောင်ကု ငါ ဘယ်လိုနေလဲ? "

မိုးပြာရောင် ပိုးသားလေးကို ဝတ်ဆင်ထားတဲ့ သူဟာ သိပ်ကို လှရက်လွန်းသည်။
ဒီနေ့ည ဖြစ်နိုင်ရင် ဂျောင်ကု ထယ်ယောင်း
လေးကို ရင်ခွင်ထဲ ထည့်ကာ ဖွက်ထားလိုက်ချင်သည်

" ဘယ်လိုလဲ? ဘယ်လိုလဲ လို့? ဟင်... "

လက်မောင်းကို အတင်းလှုပ်ယမ်းကာ
လာမေးနေတဲ့ ထိုအကောင်လေးဟာ
ဂျောင်ကု ရဲ့ ရင်ခွင်ကို လှုပ်ခတ်နိုင်တဲ့
တစ်ဦးတည်းသော လူသား

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Where stories live. Discover now