6.8K 653 36
                                    

Unicode >>>>>

" မင်းကို ငါပြောခဲ့တယ်မလား
အဲ့ ပစ္စည်းတွေကို တရုတ်ကုန်သည်ဆီကို အချိန်မှီပို့ပေးခဲ့ဖို့ "

လက်တွင် ရွယ်ထားသော တုတ်နဲ့
အတူ ခြေထောက်တွေ နဲ့သာ နှိပ်စက်
ရိုက်နှက်နေတဲ့ အထက်တန်းလွှာ တစ်ဦး ရဲ့ သား

" ကျွန်တော် သွားခဲ့ပါ တယ်... ဒါပေမဲ့ သခင်ကြီး ကလဲ... "

" မင်းက ဘယ်မှာလာပြီး ငါ့ကို အာလာခံနေတာလဲ ဟမ်.. "

ရိုက်နှက်ခံနေရတဲ့ ကောင်လေး
ဟာ မြေပြင်ပေါ်တွင် ပုံလျှက်သား

" ငါတို့က မင်းကို ထမင်းကျွေးထား
တာ ဒီလောက်တော့ မင်းလုပ်ပေးရမှာပေါ့... "

ပါးစပ်က ပြောလဲပြော ခြေထောက်တွေ နဲ့သာ ကန်သည့် အထက်လွှာ
တစ်ဦး ရဲ့ သားကို မည်သူမျှဆွဲ မည့်သူပင်မရှိ

အနှိက်စက်ခံ ရသော ကောင်လေး
ရဲ့ မိခင် ဖြစ်သူဟာ အဝေးကနေ ကြည့်ပြီး

သူ့ ရဲ့ သားကို စိတ်မကောင်း စွာ
ဖြင့် ငိုကြွေးနေလေသည်

" ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ အကောင်
ဆန်ကုန်မြေလေး... "

ထို လူ ရဲ့ ရိုက်ချက်တွေကြောင့် ခံရသော ကောင်လေးမှာ ဒဏ်ရာတွေ
ဗလပွ...

" အကိုကြီး ဘာဖြစ်နေတာလဲ တော်ပါတော့!! "

အိမ်ထဲကနေ ပြေးထွက်လာတဲ့ ထို
အထက်တန်းလွှာ သားရဲ့ ညီဖြစ်သူ

" ဂျောင်ကု က ဘာများ လုပ်ခဲ့လို့
အခုလို လုပ်နေရတာလဲ? "

" မင်း ဖယ်နေစမ်းပါ "

ထို လူရဲ့ ညီ ဖြစ်သူက လှဲနေကျတဲ့
ကောင်လေးကို ဆွဲထူလိုက်သည်

" အဆင်ပြေရဲ့လား ဂျောင်ကု "

အနာတွေကြားထဲကနေ အပြုံးမပျက်သည့် ထိုကောင်လေး

" ကျွန်တော်က အဆင်ပြေပါတယ်
သခင်လေး ရဲ့... "

" အကိုကြီး သိပ်လွန်နေပြီ အမြဲတမ်း
ဂျောင်ကု ကိုဘဲ ပြသနာရှာတယ်

အကိုကြီး ခိုင်းချင်ရင် အခြားလူတွေ
ရှိရဲ့သားနဲ့ ဘာလို့ ဂျောင်ကု ကိုမှလဲ"

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Место, где живут истории. Откройте их для себя