အလင်းရောင်အဝောာ်လေးကို မှောင်ကျသွားတဲ့အချိန်ထိ ပြန်လမ်းကို ရှာမတွေ့သည်မို့ တစ်ယောက်ထဲ ထင်းရှူးတောထဲ ရောင်လည်လည်ဖြစ်လို့နေမိသည် ။
နေရောင်ကလည်း ပျောက်လုနီးနေပြီဖြစ်တာကြောင့် မကြာခင်မှောင်လာတော့မည်ကို တွေးမိတော့ လွယ်ထားတဲ့ကျောပိုးအိတ်ထဲ ဖုန်းကိုနှိုက်ရှာမိလိုက်တာဟာ ဒီနေ့အတွက် ပထမဆုံးအကြိမ် ဖုန်းကိုသတိရလိုက်ခြင်းဖြစ်လိမ့်မည် ။
အားလည်းသိပ်မကျန်ဝောာ့တဲ့ ဖုန်းကိုကြည့်ပြီး
ပတ်ဝန်းကျင်ဆီ အာရုံတွေကရောက်လို့သွားပြန်သည် ။
အစအနတောင်ရှာမရတဲ့ လမ်းကို သံလိုက်အိမ်မြှောင်ကလည်း အကူအညီမရ ။
စိတ်နဲ့မှန်းပြီးသာ တွေ့ရာလမ်းစအား လမ်းမှန်းဖြစ်စေဖို့ ဆုတောင်းရင်း အမောစပြေးရတော့သည် ။
ခြေလှမ်းတွေများလာလေ တောဟာပိုလို့မှောင်လာလေဖြစ်သည် ။
တဖြည်းဖြည်းမှောင်ကျလာတဲ့ အလင်းရောင်မှာ ပြေးနေတဲ့ ကိုယ့်ရဲ့ခြေသံတွေကသာ ပိုပိုကျယ်လာတာက လွဲ၍ လမ်းမကြီးရှိရာဆီ မနီးနိုင်ရှိနေလေ၏ ။
အမောမခံနိုင်တဲ့ ဓာတ်ခံကလည်းရှိလေတော့ ပြေးနေတဲ့ ခြေထောက်တွေဟာ ယိုင်နဲ့၍လာလေပြီ ။
တစ်ချက်ချက်လဲတော့မလို ဖြစ်ဖြစ်သွားရာက ကြိုးစားပြီး ဆက်လို့သာပြေးနေရတယ် ခရီးဟာမတွင်ဘဲ တစ်နေရာတည်းကိုဘဲ ပြန်ပြန်ရောက်လို့ နေ၏ ။
အားအင်တွေလည်း ကုန်ခမ်း၍ မောပန်းလာပြီမို့ အရှေ့ကိုအနည်းငယ်လောက် ထပ်ပြေးပြီးရင် ရပ်တော့မည်လို့ အတွေးမှ မဆုံးလိုက်သေး ချလိုက်တဲ့ ခြေတစ်လှမ်းဟာ အရာတစ်ခုထဲ နစ်ဝင်သွားသည် ။
ထိုအရာဟာ အခြားသောမဟုတ် တွင်းနက်ကြီး တစ်ခုသာဖြစ်၏ ။
လန့်သွားတဲ့စိတ်မှာ အသိစိတ်တွေပါကင်းမဲ့ရင်း တွင်းနက်ထဲ Sana သတိလစ်မေ့မြောသွားလေတော့၏ ။෴
အသိစိတ်တွေနဲနဲချင်းပြန်ဝင်လာတော့
ကိုယ်ခန္ဓာဟာ ရိုလာကိုစတာစီးနေရသလို အမြင့်ကိုရောက်သွားလိုက် အနိမ့်ကိုပြန်ကျသွားလိုက်နဲ့
လေဟာနယ်ထဲ ပျံသန်းနေရသလို ခံစားချက်မျိုးဖြစ်လို့နေလေသည် ။
အချိန်အတော်ကြာ အဲ့ဒိလိုခံစားနေခဲ့ရပြီးမှ အရှိန်တဖြည်းဖြည်းသပ်လို့လာတဲ့ ခံစားချက်မှာ အအေးဓာတ်ကလည်း ကျောနောက်အရိုးတွေထဲ စိမ့်ဝင်လို့လာလျှက်ရှိသည် ။
အခုမှ အသက်ဝဝပြန်ရှူလာနိုင်တဲ့ နှာခေါင်းက နှာချေချင်လာသည်မို့ မျက်လုံးတွေ ဖွင့်လိုက်မိတော့ တောနက်ထဲ မီးခိုးတိုင်တစ်ခုနဲ့ အိမ်တစ်လုံးကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည် ။
မွှန်နေတဲ့ နှာခေါင်းတွေဟာ
ထင်ရှားစွာမြင်လာရတဲ့ ထိုအိမ်အိုကြောင့် နှာမချေနိုင်တော့ဘဲ မေးတွေသာ အောက်သို့တွဲလို့ကြသွားမိတော့၏ ။
မှောင်လုလုမှာ အိမ်အိုတစ်လုံးကို တွေ့လိုက်ရ၍ ဝမ်းသာသွားသည့်စိတ်က ပျော်ရမည့်စိတ်ထက် အံ့ဩမှုတို့ကသာ ကြီးစိုးနေမိသည် ။
မျက်လုံးတွေအရှေ့က မြင်နေရသည့်အိမ်အိုကို ငေးလို့ကြည့်နေမိတုန်းမှာဘဲ စိတ်တွေကို ဖမ်းယူလိုက်သည့် အသံတစ်ခု ။
YOU ARE READING
C OL O U RL ES S