C OL O U RL ES S [ 11 ]

171 31 4
                                    

အိပ်မောကျနေသေးသည့် Sanaကိုယ်ကို ကြာရေအိုင်ကန်ရှိရာဆီသို့ ပွေ့ချီပြီးခေါ်လာခဲ့သည့် Tzuyu ။ ညဘက်မို့ရေဟာ နွေးနေပေမဲ့ လရောင်ကျနေတဲ့အပေါက်ကနေတော့ လေအေးတွေဟာတိုးဝင်လို့တိုက်ခက်နေလေသည် ။ မာကြောလှတဲ့ကြာရိုးတွေဟာယိမ်းနွဲ့ရင်း ကြာရွက်တွေကိုတစ်ရွက်တစ်ရွက်ရိုက်ခက်လို့နေစေသည် ။ မနက်ဖြန်မနက်လောက်ဆို Sanaနိုးလာလောက်တော့မည်ဆိုပေမဲ့ လပြည့်နေ့ကိုကျော်သွားတဲ့အကြောင်း Sanaကို သူမ မည်သို့ပြန်ပြောပြရမည်နည်း ။ Sanaအတွက်တော့ တစ်နှစ်မှာတစ်ခါဘဲရှိတဲ့မွေးနေ့ဆိုပေမဲ့ Tzuyuအတွက်တော့ တစ်လမှာတစ်ခါသင့်ရတဲ့ ကျိန်စာဖြစ်လို့နေလေသည် ။ စိတ်မကောင်းပေမဲ့ သူမ မလုပ်မဖြစ်၍သာ အခုလို Sanaကို ရက်ကြာအိပ်ပျော်စေသည့်အရက်ကိုတိုက်ခဲ့ရခြင်းဖြစ်သည် ။ ရေအိုင်အထက်ကိုတဖြည်းဖြည်းတက်လာခဲ့ပြီး ခြေထောက်တွေကို ရေအိုင်ထဲချမိတော့ လေတိုက်လို့ယိမ်းနေတဲ့ကြာတွေဟာ မူလအတိုင်းမတ်မတ်ဘဲရပ်တန့်လို့သွားသည် ။ တွင်းအပေါက်ရဲ့အပေါ်ကို မော့ကြည့်မိတော့ လမင်းဟာဝိုင်းစက်စွာဖြင့်လရောင်တွေဖျာလျှက်ထွန်းလင်းလို့နေသည် ။

" ရှင့်ရဲ့အသက်တစ်နှစ်ကြီးလာမှုအတွက်ဂုဏ်ယူပါတယ် "

လရောင်အောက်မှာတဖြည်းဖြည်းကွေးကျသွားတဲ့ Tzuyuရဲ့ဒူးတွေဟာ သူမအားတစ်စုံတစ်ခုသောအရာက ဖိနှိပ်ချထားသကဲ့သို့ သူမလက်ပြင်များအားလေးလံလို့နေစေသည် ။ လက်ထဲပွေ့ချီထားတဲ့ Sanaကို ရေထဲချလိုက်ပြီး တစ်စတစ်စနာကျင်လာတဲ့ သူမရဲ့ကျောပြင်တွေကိုကော့ချလိုက်တော့ လရောင်အောက်မှာ အဖြူရောင်အတောင်ပံရှည်တွေဖြန့်ကျက်လို့သွားသည် ။ တွင်းနက်ထဲကနေမြည်ဟီးစွာထွက်ပေါ်လာတဲ့ အသံတစ်ခုဟာ တိရိစ္ဆာန်တစ်ကောင်ရဲ့အော်မြည်သံဖြစ်ပေ၏ ။


မျက်လုံးတွေကိုဖြည်းဖြည်းဖွင့်တော့ အမှောင်ထဲကအလင်းရောင်အနည်းငယ်ကို တွေ့လာရသည် ။ အေးနေတဲ့ကိုယ်ခန္ဓာဟာ ရေတွေထဲရောက်နေသလိုမျိုး စိုထိုင်းလျှက် ။ မူးနေသေးတဲ့ခေါင်းတွေက ဘေးကိုအနည်းငယ်ဆွေကြည့်လိုက်တဲ့ မျက်လုံးတွေထဲပေါ်လာတဲ့ ကြာရိုးတွေကြောင့်တော့ အသိစိတ်တွေအကုန်နိုးထလို့လာသည် ။ တစ်ချိန်ထဲမှာဘဲ Sanaကိုယ်ပေါ်သို့အရှိန်နဲ့ပြုတ်ကျလာခဲ့သည့် အရာတစ်ခု ။ ထိုအရာဟာတစ်ခြားသောမဟုတ် အဝတ်မဲ့နေတဲ့ Tzuyuကိုယ်ခန္ဓာဖြစ်လို့နေလေသည် ။ ဘေးတွေကိုလွင့်စင်ကုန်တဲ့ရေတွေဟာ မာကြောတဲ့ကြာရိုးတွေကို တစ်ချက်ယိမ်းလို့မသွားစေခဲ့ ။ လန့်သွားတဲ့စိတ်က Tzuyuမျက်နှာကိုမြင်လိုက်ရချိန်မှာ ဘားမှမဟုတ်တော့သလိုမျိုး Tzuyuကိုယ်ကို ရင်ခွင်ထဲသို့ Sanaပွေ့မလိုက်လေသည် ။

C OL O U RL ES S Where stories live. Discover now