ရေတွေကိုလက်နဲ့ခပ်ယူလိုက်ရင်း ပခုံးတွေပေါ်ကနေ
လက်မောင်းတွေဆီပွတ်သပ်ချလိုက်တဲ့ Tzuyuဟာ သူမရဲ့ မျက်လုံးတွေကိုပိတ်လို့ထားသည် ။ လည်တိုင်တွေဆီတစ်ဖန်ရောက်လာပြန်သည့်ရေတွေက နောက်ကျောတစ်နေရာက ဒဏ်ရာတွေဆီစီးကျလို့သွားသည် ။ ရေစက်တွေ ဒဏ်ရာပေါ်ဖြတ်ကျလို့သွားတော့ မှိန်စပြုလာတဲ့ဒဏ်ရာအပ်ကြောင်းတွေဟာ တစ်စတစ်စပျောက်ရှလို့လာ၏ ။ ကြာတွေဟာ အခုထိပွင့်မလာနိုင်သေးလို့ ဒီမိန်းကလေးက ကျိန်စာတွေဆီကနေ မလွတ်မြောက်နိုင်သေးဘဲရှိလို့နေသေး၏ ။෴
ကြက်ခြံထဲဝင်သွားတဲ့ Tzuyuအနောက်ကနေလိုက်ပြီး ဝါးလုံးတန်းတွေကြား ကျော်ဝင်လာခဲ့သည့် Sana ။ သူမတို့ဝင်လာတော့ ခြံရဲ့တစ်ဖက်အခြမ်းကိုပြေးသွားတဲ့ ကြက်တွေကအုပ်လိုက်စုလိုက် ။ ခြံဟာအမြင့်ကြီးခက်ထားတာမဟုတ်ပါရဲ့ သူတို့ရဲ့အတောင်တွေကိုဖြန့်ပြီး ဘာကြောင့်မပျံကြပါသနည်း ။ ကြက်ဥတွေကိုကောက်နေသည့် Tzuyuဘေး Sanaငုတ်တုတ်လေးထိုင်လိုက်ပြီး ကြက်ဥတစ်လုံးကိုကောက်ယူလိုက်သည် ။
" ဂျုံမှုန့်တွေဘယ်ကရနိုင်မလဲ Tzuyu shi "
" ဂျုံမှုန့်လား "
" ကျွန်မ ဂျုံမှုန့်နဲနဲလောက်လိုချင်လို့ "
" အခုရာသီက ဂျုံရိတ်ချိန်တော့မဟုတ်သေးပေးမဲ့ ရှင်လိုချင်တဲ့ဂျုံမှုန့်တွေရနိုင်မဲ့ တစ်နေရာတော့ရှိတယ် "
" ဒါဆို အဲ့ဒိကို ကျွန်မကို ခေါ်သွားပေးလို့ရမလား "
" ရှင့်မှာသူ့ကိုပြန်ပေးဖို့ ဘာရှိလဲ "
" ဟင် "
" ဒီအရပ်မှာက ကိုယ်လိုချင်တဲ့အရာကို ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုနဲ့ပြန်ပေးပြီး လဲယူရတယ် "
" ကျွန်မမှာ ပိုက်ဆံမရှိဘူးလေ "
လက်ထဲကကောက်ယူထားတဲ့ ကြက်ဥကို Tzuyuလက်ထဲက ခြင်းထဲထည့်ပေးလိုက်ပြီး Sanaပြောတော့ Tzuyuကလည်း ခြင်းကို Sanaအရှေ့သို့အနည်းငယ်တိုးခံပေးရှာသည် ။
෴
မျက်စိတစ်ဆုံးက ဂျုံခင်းကြီးထဲကိုဖြတ်ရင်း လျှောက်လာနေတဲ့ Sanaနဲ့Tzuyuဟာ လက်ထဲမှာ လည်းခြင်းတစ်ခြင်းဆီ ကိုယ်ဆီဆွဲလို့လာသည် ။
ဂျုံခင်းကြီးထဲဖြတ်လျှောက်ရင်း ပျော်နေပုံရတဲ့ Sanaကို အနောက်ကနေ ပြုံးပြီးကြည့်နေသည့် Tzuyu ။ ပြုံးရယ်လိုက်တိုင်း ပိုထင်းသွားတဲ့ Sanaရဲ့နှာတံတွေဟာ ပြုံးနေတဲ့ Tzuyuမျက်ဝန်းတွေအခြေချလို့ထားသည့် နေရာ ။ တစ်ချက်တစ်ချက် Tzuyuအား လှည့်လှည့်ကြည့်ပြီး ပြုံးပြသည့် Sanaဟာ ဂျုံခင်းတွေကို လက်ညိုးနဲ့ထိုးထိုးပြတတ်ပြီး
YOU ARE READING
C OL O U RL ES S