" ကြင်ယာတော်အတွက် ကျွန်မသားချော့တေးတစ်ပုဒ်ရေးစပ်ထားတယ် .. ကြင်ယာတော်သဘောကျပါ့မလားတော့မသိပေမဲ့ ကလေးတစ်ယောက်သဘောကျလောက်မဲ့ တေးသွားမျိုးပါဘဲ .. ယောအာ ဗြက်ဆောင်းယူလာခဲ့ပေးပါ "" ဟုတ်ကဲ့ပါ မင်းသမီးလေး "
မင်းသမီးကို အရိုသေပြုပြီး ဗြက်ဆောင်းယူဖို့ထွက်သွားတဲ့ ယောအာဆိုတဲ့အပျိုတော်မိန်းကလေးဟာ
အနောက်ကိုတဖြည်းဖြည်းချင်းခြေလှမ်းတွေဆုတ်သွားရင်း လေသာဆောင်ကနေ မင်းသမီးအဆောင်တော်ဆီသို့ထွက်သွားခဲ့လေသည် ။ လေသာဆောင်ထဲ ရေနွေးကြမ်းသောက်ရင်း မင်းသမီးနဲ့စကားပြောနေကြတဲ့ Tzuyuမိဘတွေဟာ မင်းသမီးဆီက ကြားရမဲ့ သားချော့တေးကို လွန်စွာမှာ မျှော်လင့်လို့နေမိ၏ ။" ဗြတ်ဆောင်းမတီးတာ ကြာခဲ့ပြီမို့ လက်ရည်ကျသွားမှာတော့စိုရွံ့မိတယ် "
စကားပြောသိမ်မွေ့နူးညံ့လှတဲ့ မင်းသမီးဟာ သူမရဲ့အင်္ကျီလက်ကိုခါလိုက်ရင်း နေ့နေ့ညညမနားတမ်း သူမကြင်ယာတော်အတွက် သားချော့တေးကိုပြင်ဆင်နေခဲ့ရလို့ အရည်ကြည်ဖုပင်ထနေသည့် သူမလက်ချောင်းတွေကိုကြည့်လို့ ပြုံးလျှက်ပင်နေ၏ ။ မင်းသမီးရဲ့လက်ချောင်းတွေက အရည်ကြည်ဖုတွေကိုမြင်ပြီး စိုးရွံ့မိသွားတဲ့ Tzuyuမိဘနှစ်ပါးဟာ မျက်နှာမကောင်းလှ ။
" မင်းသမီးလေး "
" မနာပါဘူး .. ဗြက်ဆောင်းတီးတိုင်းဖြစ်နေကျမို့ စိတ်မကောင်းမဖြစ်ပါနဲ့ "
သူမလက်ကအရည်ကြည်ဖုတွေကိုမြင်တော့မျက်နှာညိုးသွားတဲ့ Tzuyuအမေကို မင်းသမီးဟာ သူမရဲ့ နူးညံ့သိမ်းမွေ့လှတဲ့အပြုံးတွေနဲ့ ဖြေလျော့ပေးလို့ပြန်ရှာရဲ့ ။
" ကြင်ယာတော် မွေးဖွားဖို့ရက်ဘယ်လောက်လိုပါသေးလဲ "
" လဝက်လောက်တော့လိုပါသေးတယ် မင်းသမီးလေး "
" ဘုရားကျောင်းကနေဝတ်ပြုပြီးပြန်လာရမဲ့အချိန်လောက်ဘဲ "
တွေးစသွားတဲ့မျက်ဝန်းတွေရဲ့မျက်တောင်တွေဟာ ကော့စင်းလို့ ။ ဘေးတိုက်အနေအထားမှာပင်ထင်ပေါ်နေတဲ့နှာတံဟာလည်း မျက်တောင်ရှည်တွေအလား ထင်းလျက် ။ လဝက်လောက်လိုသေးတယ်ဆိုပေမဲ့ သူမစိတ်တွေကတော့ ကြင်ယာတော်ရဲ့မျက်နှာကိုမြင်ရဖို့ အတော်လေးကိုစိတ်ဆန္ဒတွေက အသင့်မဖြစ်လှအောင် စိုးထိတ်လို့နေမိသည် ။ ကြင်ယာတော်သာ သားယောက်ျားလေးမဖြစ်ခဲ့လျှင် ဖခမည်းတော်ဆီက မည်သို့သော စီရင်ချက်တွေချက်မှတ်လာမည်မသိပါ ။ သမီးမိန်းကလေးမွေးမည့်အကြောင်းကို သိထားနှင့်တဲ့သူမအဖို့တော့ ဖြစ်လာမည့်အကြောင်းတရားတွေကို ထိုင်စောင့်နေရမည့်အလား ဘာမျှမတတ်နိုင်ခဲ့ ။
YOU ARE READING
C OL O U RL ES S