" ကျွန်မကိုညာလို့လေ "Sanaမျက်လုံးတွေဆီရောက်လာတဲ့ Tzuyuမျက်လုံးတွေမှာ စိတ်မကောင်းခြင်းတွေလည်း အပြိုင်ရောက်ရှိလို့လာသည် ။
" ဘာလို့ ကျွန်မကညာနေတယ်လို့ဘဲ ထင်ရတာလဲမသိပေမဲ့ .. ရှင့်ကို ကျွန်မတစ်ကယ်ညာမပြောဖူးဘူးဆိုတာတော့ ယုံစေချင်တယ် "
Sanaကိုကြည့်ပြီးပြောနေတဲ့ Tzuyuစကားသံတွေဟာ Sanaကြားဖူးခဲ့သမျှထဲ အတိုးဆုံးဘဲ ။ စကားသံကတိုးတိုးရယ်ဆိုပေမဲ့ လေးနက်ခြင်းတွေမှာ အမှန်တရားတွေထင်ဟပ်လို့ စိတ်မကောင်းခြင်းတွေကိုလွှမ်းခြုံထားလေသည် ။ ပြောပြီးအနားကနေလှည့်ထွက်သွားတဲ့Tzuyuနောက် Sanaလိုက်မသွားဖြစ်လိုက်ဘူး ။ ရပ်နေရင်းကျန်ခဲ့တဲ့စိတ်တွေထဲ Tzuyuအပေါ် သူမဘာကြောင့်စိတ်ဆိုးမိခဲ့မှန်းမသိခဲ့ ။
෴
လမ်းပျောက်ရပြန်တဲ့ ရပ်ဝန်းတွေဆီအခြေချရပြန်ပေါ့ ။ လမ်းမသိတဲ့ကိုယ့်ကို ချန်ရစ်ခဲ့တဲ့သူ့အား စိတ်လည်းမဆိုးရက်ဘူး ။ အမှန်ဆို ကိုယ်ကို၌ကအနောက်ကနေလိုက်သွားခဲ့ရင်ဖြစ်တဲ့ဟာ ။ အခုတော့ အိမ်ပြန်လမ်းဟာ ဘယ်အရပ်မျက်နှာမှာရှိနေမှန်းမသိဝော့ာခက်လှပေသည် ။ ခြေလှမ်းတွေဖြည်းဖြည်းလျှောက်ရင်းဘဲ ပတ်ဝန်းကျင်ကိုလိုက်လို့ကြည့်မိတော့ အရှေ့ကနေအမြဲလျှောက်တတ်တဲ့သူ့ကျောပြင်တွေကို ပထမဆုံးအကြိမ်လွမ်းမိတာဘဲ ။ အမြဲတမ်းလိုလို သူ့အနောက်ကနေ သူ့ကိုကြည့်ရင်းဘဲ အမြဲလျှောက်ခဲ့မိလို့ထင်ပါရဲ့ ။ သက်ပြင်းတွေချီပြီးချမိတယ် ။ ခါးကအင်္ကျီစထဲ ထည့်ထားတဲ့ပဝါကိုထုတ်ကြည့်မိတော့ ကိုယ့်ဆီဒီပဝါလေးကမ်းပေးခဲ့တဲ့အချိန်က သူ့လက်တွေကိုပါပြန်မြင်ယောင်လို့လာမိသည် ။
" ငါ့အပေါ်ဒီလောက်ကောင်းပေးတာကို ငါကဘာတွေထပ်ပြီးလောဘကြီးချင်မိရပြန်တာပါလိမ့် "
" ညာခဲ့တာမဟုတ်ပေမဲ့ "
ပဝါကိုကြည့်နေမိတုန်း ကြားလိုက်ရတဲ့အသံတစ်ခုက Sanaရင်တွင်းတစ်နေရာကိုတုန်လှုပ်လို့သွားစေသည် ။ ပဝါပေါ်ချထားမိတဲ့မျက်လွှာတွေကို အပေါ်မော့လို့ကြည့်မိတော့ သူမအရှေ့မှာ ရပ်နေသည့် Tzuyuကိုတွေ့လိုက်ရသည် ။
YOU ARE READING
C OL O U RL ES S