မီးစွဲနေတဲ့ကောက်ရိုးစတွေကို Tzuyuလိုက်တတ်နင်းလိုက်ပြီး Sanaကိုကြည့်တော့ ပေတူးတူးမျက်နှာနဲ့ သူ့အားမော့ကြည့်လို့နေသည် ။ သွေးရောင်ပါပျောက်နေတဲ့ Sanaမျက်နှာဟာ ဒီကောက်ရိုးမီးမဖြစ်စလောက်လေးအတွက်နဲ့တဲ့ ။ ဘာတွေများဒီလောက်တောင် ကြောက်နေခဲ့ရသလဲ ။ မီးစတွေလည်း သိပ်မရှိတော့လို့ Tzuyu , Sanaကို ပွေ့ချီလိုက်ပြီး ထိုအထဲကနေ ထွက်လာခဲ့လိုက်သည် ။
" ရှင်ဟာလေ ကျွန်မရဲ့ အားအင်တွေလည်းယူသေးတယ် .. ကျွန်မကို ဒီအတွက်အားပြန်ဖြည့်ဖို့အချိန်လည်းမပေးပြန်ဘူး .. ဘယ်လိုမိန်းကလေးလဲ "
အရင်အခြေအနေဆို စကားတွေပြန်ပြောနေအုံးမည့် Sanaဟာ အခုအခြေအနေမှာတော့ အသံတစ်စမထွက်ဘဲ တိတ်ဆိတ်လို့နေသည် ။ ဒီလိုနဲ့ အိမ်ရှေ့က ကွပ်ပျစ်စီရောက်လာခဲ့သည့် သူမတို့ ။ ပခုံးတွေကိုတွဲထားတဲ့ Sanaလက်တွေဟာ ကြောက်အားတွေကြီးနေသေးပုံပါဘဲ ။ ရင်ခွင်ထဲခိုဝှက်နေတဲ့ မျက်နှာငယ်ကိုကြည့်တော့ မျက်ရည်တွေလည်း စမ်းတန့်စမ်းတန့်နဲ့ ။ တောင့်တင်းနေတဲ့ လက်တွေကို သူမပခုံးတွေဆီကနေ ဖယ်ဖို့ Tzuyuကိုင်မိတော့လည်း ရင်ခွင်ထဲက မိန်းကလေးက ဆောင်းခိုငှက်ငယ်အလားဘဲ ။ ကွပ်ပျစ်ပေါ်ချပေးဖို့လုပ်တော့
" မ ဖယ် ပါ နဲ့ ~ "
ဆိုတဲ့ တိုလျှိုးအသံလေး စထွက်လာတယ် ။ ကုန်ထားမိတဲ့ ခါးကို Tzuyuပြန်မတ်လိုက်မိတော့ ရင်ခွင်ထဲဝပ်နေတဲ့ မျက်နှာငယ်ဟာ Tzuyuအားကြည့်လို့လာသည် ။
" ကျွန်မကို ရှင့်ရင်ခွင်ထဲကနေ မဖယ်ထုတ်လိုက်ပါနဲ့ "
" မကြောက်ပါနဲ့ .. ကျွန်မ ရှင့်အနားရှိနေတယ် မဟုတ်လား .. ကျွန်မ ရှင့်အနားရှိနေရဲ့နဲ့ ရှင်ကြောက်နေတာကတော့ မဟုတ်သေးဘူးလေ "
" မရှိခဲ့ဘူးလေ .. အဲ့တုန်းက အနားမှာ ရှင်မရှိနေခဲ့ဘူးလေ .. ဒီတော့ ကျွန်မကြောက်မိတာ အပြစ်လား "
ကလေးလည်းမဟုတ်တော့ပါဘဲ ဘာကိုစိတ်မကောင်းဖြစ်သွားပြန်လည်းမသိတဲ့ Sanaဟာ စကားကို ငိုသံတွေပါစွက်ပြီးပြောလို့လာသည် ။
" ရှင့်ကို ကျွန်မရင်ထဲက မဖယ်ဘူးလေ ဘာလို့ငိုတာလဲ "
" ထိုင်တော့ ကျွန်မလက်တွေ ရှင့်ပခုံးကိုတွဲထားရတာ ညောင်းနေပြီ "
YOU ARE READING
C OL O U RL ES S