C OL O U RL ES S [ 18]

419 45 25
                                    


Sanaနဲ့ Tzuyuနှစ်ယောက်အတူ ရေထဲကို ကျသွားခဲ့တော့ Sanaဟာ ချက်ချင်းဆိုသလိုဘဲ Tzuyuရဲ့ မျက်လုံးတွေကို သူမလက်တစ်ဖက်နဲ့ လှမ်းအုပ်လို့လာရင်း ရေထဲကနေ အရင်ပြန်ထသွားခဲ့လေသည် ။
Tzuyuမှာတော့ ရုတ်တရက် သူမ မျက်လုံးတွေအပေါ်အုပ်လာတဲ့ Sanaလက်ကြောင့် မျက်လုံးတွေကိုမှိတ်လိုက်မိပြီး ပြန်အဖွင့်မှာတော့ သူမရဲ့ စိတ်ဝိညာဉ်ဟာ မိုးတွေသည်းထန်စွာရွာသွန်းနေသည့် ညတစ်ည၏ ဘုရားကျောင်းတစ်ခုအ‌ရှေ့သို့ ရောက်လာခဲ့လေသည် ။

" ယောအာ အပြင်မှာ မိုးရွာနေတာလား "

" ဟုတ်ပါတယ် မင်းသမီး "

ဘုရားဝတ်ပြုပြီးသွားပြီဖြစ်တဲ့ မင်းသမီးဟာ သူမလက်ထဲက ပုတီးကုံးကို လက်တစ်ဖက်ထဲ သေချာထည့်ကာ ဆုပ်ကိုင်လိုက်ရင်း ထရပ်တော့ ယောအာဟာ မင်းသမီးရဲ့ လက်ကို တွဲလို့ ထူပေးလာသည် ။ နားနေတဲ့အဆောင်တော်ကိုပြန်ဖို့ တံခါးမကြီးရှိရာဆီလျှောက်လာခဲ့တော့ အပြင်မှာ မိုးတွေဟာ အတော်လေးကို သည်းထန်စွာ ရွာသွန်းလို့နေသည် ။ မင်းသမီးဟာ ညကောင်းကင်သို့ မော့ကြည့်လိုက်ရင်း သူမ ဘေးအနားရပ်နေခဲ့သည့် ယောအာ အား

" ယောအာ "

" ဟုတ်ကဲ့ပါ မင်းသမီး "

"  မင်းကြည့်ပါအုံး ကောင်းကင်က နန်းတော်ထဲမှာမြင်ရတာထက် ပိုလှမနေဘူးလား "

" ဟုတ်ကဲ့ ပိုလှပါတယ် "

" ဒီတစ်နှစ်ကုန်ရင် နန်းတော်ထဲက ထွက်မလား ယောအာ .. နန်းတော်ထဲဝင်လာကတည်းက ငါ့ဘေးမှာဘဲ အခစားဝင်ခဲ့ရလို့ အိမ်မပြန်ဖြစ်တာကြာခဲ့ပြီမဟုတ်လား .. ဒီအတွက်တော့ ငါစိတ်မကောင်းပါဘူး .. မင်းကလွဲပြီး ငါ့စိတ်ရင်းအမှန်တွေဖော်ပြဖို့ ယုံကြည်ရတဲ့အချွေအရံကို ရှာမရခဲ့လို့ပါ .. မင်းက ငါ့အတွက်တော့ ယုံကြည်စိတ်ချရတဲ့အချွေအရံဆိုတာထက်ကိုပိုတဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လိုပါဘဲ .. အခုလို နှစ်တွေအကြာကြီး အနားမှာ ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် "

ယောအာရဲ့ လက်ကို လက်နှစ်ဖက်နဲ့ ဆွဲယူကာ ဆုပ်ကိုင်လာရင်း မင်းသမီးဟာ ယောအာအား ပြုံးပြီးကြည့်နေမိချိန်မှာဘဲ ဘုရားကျောင်းထဲသို့ ဝင်ရောက်လာခဲ့သည့် Tzuyu ။ မိုးရေတွေရွှဲရွှဲစိုနေခဲ့သည့် Tzuyuဟာ ဘုရားကျောင်းရဲ့ တံခါးမကြီးရှိရာအရှေ့မှာ ရပ်နေခဲ့သည့် မိန်းကလေးနှစ်ယောက်အား ဘုရားကျောင်းထဲဝင်လာခဲ့ရင်း တွေ့လိုက်ရသည်မို့ ရပ်ကာငေးကြည့်လိုက်မိသည် ။ Tzuyuအား ကျောပေးကာရပ်နေခဲ့သည့် မင်းသမီးရဲ့ ကျောပြင်ဟာ နှစ်ကြိမ်တိုင်တိုင် Tzuyu မြင်ခွင့်မသာခဲ့တဲ့ မင်းသမီးရဲ့ ကျောပြင်တစ်ခုဖြစ်လေသည် ။ ဘုရားကျောင်းထဲမှာသာ မီးရောင်တစ်ခုရှိလို့နေခဲ့ပြီး ဘုရားကျောင်းရဲ့ တံခါးမကြီးရှိရာဆီမှာတော့ မီးအလင်းရောင်ဟာ မှိန်ပြပြသာ ထင်ဟပ်လျှက်ရှိလေ၏ ။ အမှောင်နဲ့တွဲနေလို့ Tzuyuသေချာမမြင်ခဲ့ရတဲ့အရာဟာ မင်းသမီးရဲ့ ဦးခေါင်းအထက်က ဆံနွယ်မှာ ချည်နှောင်ထားခဲ့သည့် ရွှေရောင်နဂါးပုံပါသည့် အနီရောင်ကတ္တီပါ ခေါင်းစည်းပင်ဖြစ်သည် ။
မင်းသမီး၏ ပခုံးတွေအလွန်မှာရပ်ရင်း ပြုံးနေခဲ့သည့် မိန်းကလေးကိုတော့ ဝိုးတိုးဝါးတားပင် Tzuyu မြင်ရပါ၏ ။ တဖြည်းဖြည်း အရှေ့သို့ ပြန်လှည့်လာသည့် မင်းသမီးရဲ့ လှုပ်ရှားလာမှုမှာ Tzuyuကလည်း သူမရဲ့ ခြေလှမ်းတွေကို အရှေ့ဆက်တိုးလိုက်ဖို့ပြင်မိသည် ။ အရှေ့သို့ ခြေလှမ်းလိုက်ပေမဲ့ လှုပ်မရတဲ့ခြေထောက်တွေကြောင့် Tzuyuသူမရဲ့ ခြေထောက်တွေကို ငုံ့ကြည့်လိုက်မိချိန်မှာဘဲ သူမရဲ့ ကိုယ်ခန္ဓာကို ရေတွေထဲကနေ ဆွဲယူလာသည့် Sana ။ ဘေးသို့လွင့်စင်သွားတဲ့ရေတွေနဲ့အတူ စိတ်နဲ့ကိုယ်ပြန်ကပ်လာသည့် အခိုက်အတန့်မှာတော့ သူမကို ကြည့်နေခဲ့သည့် Sanaအား စူးစိုက်ကြည့်လို့နေမိရင်း Tzuyuဟာတိတ်ဆိတ်နေမိခဲ့သည် ။

You've reached the end of published parts.

⏰ Last updated: Sep 17, 2022 ⏰

Add this story to your Library to get notified about new parts!

C OL O U RL ES S Where stories live. Discover now