C OL O U RL ES S [ 16 ]

161 33 19
                                    

လျှိုထဲကနေ Tzuyuအပေါ်ကိုပြန်တတ်လာတော့ ကောင်းကင်တစ်ခုလုံး တိမ်းမည်းတွေပြည့်နှက်နေတာဟာ ထင်းရှူးတောတစ်ခွင်အမှောင်အတိ ။ တိမ်မည်းထုထဲ လျှပ်စီးတွေဟာလည်း တစ်လက်လက်နဲ့ ။ နေမွန်းတည့်ချိန်ဟာ ညဉ့်နက်သန်းခေါင်ယံထက်ပင် မှောင်မိုက်လို့နေသည် ။ Tzuyuအပေါ်ပြန်တတ်လာတာကို မြင်တော့ အနားရောက်လာတဲ့ Felixဟာ သူ့ရဲ့ဂျုံခင်းတွေရှိရာဆီ အမြန်ပြန်မှဖြစ်မည့်အကြောင်းကိုပြောပြီး ချက်ချင်းဆိုသလို ပြေးထွက်လို့သွားလေသည် ။ အိမ်မှာတစ်ယောက်ထဲကျန်ခဲ့သည့် Sanaမှာတော့ ထိုတိမ်မိုးသားထုကြီးကိုမြင်ပြီး အိမ်ထဲသို့ပြေးဝင်ကာ ချောင်တစ်ခုမှကုတ်နေရင်း အတော်ကိုကြောက်လို့နေရှာသည် ။ နေသာ‌နေရင်းရုတ်တရက်မည်းမှောင်သွားတဲ့ကောင်းကင်မှာ လျှပ်စီးတွေကအပြည့် ။ မနက်ထဲကFelixနဲ့အတူထွက်သွားတဲ့ Tzuyuဟာ အခုထိ အိမ်ပြန်မလာသေးတော့ Sanaမှာ ပိုလို့ကြောက်စိတ်တွေတိုးရသည် ။ မကောင်းတဲ့ အငွေ့အသက်တွေကလည်း ကောင်းကင်မှာလူးလူးလားလားပျံလျှက် ။ တိမ်အမည်းရောင်တွေမြင်ရင် ကြောက်တတ်တဲ့ Tzuyuမှာလည်း ထိုနေရာက ခြေတစ်လှမ်းရွှေ့မရဘူး ။ မိုးခြိမ်းသံတွေပိုပိုကျယ်လောင်လာလေ ကြောက်စိတ်ဟာပိုတိုးလေနဲ့ သူမရဲ့ အတောင်ပံတွေဟာလည်း အင်္ကျီစတွေကိုဖောက်ပြီးဖြန့်ထွက်လို့လာသည် ။ တဖြည်းဖြည်းအသွင်းပြောင်းချင်လာတဲ့ရုပ်လက္ခဏာတွေကလည်းပြလျှက် ။ မခံနိုင်တဲ့အဆုံး အော်လိုက်မိတော့ တိရိစ္ဆာန်တစ်ကောင်ရဲ့မြည်ဟီးသံက ထင်းရူးတောတစ်ခွင်လုံးဟိန်းထွက်လို့သွားသည် ။ နားတွေမှာအုပ်ထားမိတဲ့ သူမလက်တွေအပေါ် နောက်ထပ်သောအုပ်ကိုင်လာသည့် လက်တစ်စုံဟာ သူမလက်တွေပေါ်အထက်မှာဘဲ ကျယ်လောင်စွာထွက်ပေါ်လာသည့် မိုးခြိမ်းသံနဲ့အတူ မိုးကြိုးဟာ သူမတို့အနားကွက်ပစ်သွားသည် ။ သို့ပေမဲ့ ထိုမိုးကြိုးကို သူမမထိလိုက် ။ သူမရဲ့ ကျောတွေပေါ်အုပ်ပြီးရောက်လာတဲ့မိန်းကလေးရဲ့ကျောဆီ၌သာ မိုးကြိုးဟာ ထိမှန်လို့သွားသည်ကိုတော့ Tzuyuမသိခဲ့ပါ ။ Tzuyuအတောင်ပံတွေဆိုတာလည်း ထိုမိန်းကလေးဟာ သူမအားထိတွေ့လိုက်ချိန်မှာဘဲ ကျောတွေထဲ ပြန်ဝင်လို့သွားလေသည် ။

C OL O U RL ES S Where stories live. Discover now