သူ့အလှတွေထဲ ဘယ်လောက်တောင် မြောပါမိသွားသလည်းတောင်မသိ ကိုယ့်အရပ်ထက် မော်ထိုးပြီးရှည်နေတဲ့ ကြာတွေကို သူရေအောက်ထဲလျှိုဝင်သွားမှ သတိထားမိတော့သည် ။
ရှည်လျားလှတဲ့ ကြာတွေက ရေအပေါ်ယံမှာဘဲပေါက်နေတာမျိုးမဟုတ်ဘဲ အထက်ပိုင်းထိကို ထိုးတတ်ကာပေါက်လို့နေသည် ။
ဒီလောက်ရှည်တဲ့ ကြာရှည်တွေကို Sanaဘဝမှာ တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူး၍ တအံ့တဩသာ မော်ကြည့်ရင်း ခြေလှမ်းတွေကို အရှေ့သို့တိုးလျှောက်လာခဲ့လိုက်မိသည် ။
အနားရောက်လို့ ကြာရိုးတွေကို ကိုင်ကြည့်မိတော့
လက်တစ်ဆုတ်စာတောင်မရှိတဲ့ ကြာရိုးတွေက တောင့်တင်းလို့ ။
ရေအောက်ကနေ ဆံပင်တွေလှန်တင်ရင်း ရေပေါ်ပြန်ပေါ်လာတဲ့ သူ့အား လှည့်လို့ကြည့်မိတော့ သူကလည်း အဝတ်မဲ့နေတဲ့ ကိုယ့်ကို မော်ကြည့်လို့လာသည် ။
တဖြည်းဖြည်းအောက်ကိုဆင်းသွားတဲ့ သူ့မျက်လုံးတွေက ကိုယ့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုစီတိုင်းအား တစ်နေရာချင်း မမှိန်မသုန်းဘဲ ကြည့်လို့နေလေသည် ။
သူကြည့်နေမှန်းသိနေသည့်တိုင်အောင်ကို မထိုင်မိသေးဘဲ မတ်တက်ရပ်မြဲရပ်နေမိသေးသည့် ကိုယ်ကလည်း ကိုယ်ပါဘဲ ။
မိန်းကလေးချင်းတောင် သူ့လောက်မလှတဲ့ ကိုယ့်ရဲ့ကိုယ်ခန္ဓာက အနာတရနဲ့ဒဏ်ရာအမာရွတ်တွေကလည်း ခပ်များများ ။
ဒါကိုဘဲ အထူးအဆန်းမှတ်ပြီးကြည့်နေသလားလည်း မသိပါ ။
တွင်းထဲပြုတ်ကျသွားတုန်းက ခြစ်မိခဲ့ပုံရတဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေဟာ သွေးလည်းအေးနေလောက်ပြီဖြစ်ပါရဲ့ အခုထိတစ်ချက်မနာသေးတာဟာ ကိုယ့်မျက်ဝန်းတွေအောက်က မိန်းမပျိုရဲ့ အကြည့်တွေကြောင့်များလားလေ ။" အခုထိ မထိုင်သေးဘူးလား "
" ရှင့်ကိုကြည့်နေရတာနဲ့ မေ့သွားတယ် "
ခေါင်းအစခြေအဆုံးထိလိုက်ကြည့်နေခဲ့ပြီးမှ ပြောလာတဲ့ သူ့စကားမှာ တွေးတွေးစစနဲ့ဘဲ ထိုင်လိုက်မိသည် ။
ပခုံးတွေကစပြီး ရေနဲ့အရင်ဆုံးသပ်လိုက်မိသည် ။ မျက်နှာပေါ်ရေတွေပတ်ဖြန်းလိုက်ရင်း သူ့ကို ပြန်ကြည့်မိတော့ ထိုသည့်တိုင် ကိုယ့်အား အကြည့်မပျက်သေးတဲ့ သူက ...
YOU ARE READING
C OL O U RL ES S