C OL O U RL ES S [ 5 ]

186 24 0
                                    




သူ့ကိုယ်ပေါ်မှာကပ်‌နေတဲ့ ကြက်မွှေးတွေကို ဖယ်ပေးလာသည့် Sanaအား Tzuyuဟာ ဒီအတိုင်းလေးဘဲ  ကြည့်လို့နေမိသည် ။

" ရပြီ .. ဒီလိုမှ ကြည့်ကောင်းသွားတဲ့ ရှင်ပေါ့ "

စိတ်တိုင်းကြသွားသလိုမျိုး Tzuyuအားကြည့်ပြီး ပြောလာသည့် Sana ။

" ခုနက ကြည့်မကောင်းလို့လား "

" အွန် ဘယ်လိုပြောရမလဲ .. ခုနက ပုံစံကကြ cuteဖြစ်တာပေါ့ "

" အား ငါ့ပုံစံက ခရုနဲ့တူသွားတာလား .. ဒါကတော်တော်ဆိုးတာဘဲ "

" အယ်လေ .. ကျွန်မပြောတဲ့ cuteဆိုတာ ရှင်ပြောတဲ့ ခရုမဟုတ်ပါဘူး "

ဒီတစ်ကြိမ်လည်း Sanaပြောသည့်စကားကို Tzuyuဟာ နားမလည် ။

" ဟွန် "

" ရှင်နားမလည်ဘူးဆိုတာ သိပါတယ် .. ရှင့်လိုလူတွေအတွက် အဲ့လိုလေးရှိတယ် .. C . u . t . e ( cute ) ဆိုပြီး "






အိမ်ပြန်ရောက်တော့ မီးဖိုချောင်ထဲတမ်းဝင်သွားတဲ့ သူ့ကြောင့် အနောက်ကနေ လိုက်လို့ဝင်လာမိတော့
မြင်တွေ့လိုက်ရတဲ့အရာတွေက တစ်ကယ့်မှကို ထင်မှတ်မထားမိတဲ့အရာတွေဖြစ်နေသည် ။
ဒီလိုပစ္စည်းမျိုးတွေ ဒီလိုအပြင်အဆင်မျိုးတွေဆိုတာ ညတိုင်းကြည့်နေကြ နန်းတွင်းဇာတ်လမ်းတွဲတွေမှာသာ မြင်ဖူးခဲ့ခြင်းဖြစ်သည် ။
သူ့ကိုကြည့်တော့ သူက ခုနက ဖမ်းလာခဲ့တဲ့ ကြက်ရဲ့ ခြေထောက်ကို ကြိုးချည်ပြီး ထောက်တိုင်တစ်ခုမှာ ပါကြိုးကိုချည်လို့နေလေသည် ။



" အခုထိ ဒီလိုတွေသုံးနေတုန်းဘဲလား "

တစ်ယောက်ထဲ ရေရွတ်ရင်း ပြောလိုက်တဲ့ စကားဆိုပေမဲ့ သူလည်း ကြားနိုင်လောက်တဲ့အထိ ကျယ်သည် ။
သို့ပေမဲ့ သူဟာ စကားတစ်ခွန်း ပြန်မဆိုလာဘဲ အပြင်သို့ ထွက်သွားသည် ။
ကိုယ့်မှာတော့ မီးဖိုချောင်ထဲ ဟိုအိုးလှန်ကြည့် ဒီအိုးလှန်ကြည့် အပေါ်မော့လိုက် အောက်ငုံ့လိုက်ဖြင့် လိုက်ပြီးကြည့်နေမိသည် ။



" တစ်ကယ့်ကို ရှေးဆန်တဲ့ နေထိုင်မှုဘဲ "

ကြည့်ချင်တာတွေစိတ်ကြိုက်လိုက်ကြည့်ပြီးလို့ အပြင်ပြန်ထွက်မယ်ကြံတော့ ပြန်ရောက်လာတဲ့ သူနဲ့ အပေါက်မှာ တိုးမိ၍ အမြန်ဘဲ တစ်ဖက်ကို မျက်နှာမူလိုက်တော့ တိုင်နှင့် နဖူးနှင့် အပ်လေသည် ။
အ့! ။
ဟင်?! ။
ထင်သလောက်မနာလို့ မျက်လုံးတွေဖွင့်ကြည့်မိတော့ သူက တိုင်နဲ့ကိုယ့်နဖူးကြား လက်ကိုခံထားပေးသည် ။
တိုက်မိပြီအထင်နဲ့ အော်လိုက်မိတဲ့ ကိုယ့်ကိုကိုယ် ပြန်၍ရှက်မိတာကြောင့် သူ့ကိုတောင် ပြန်မကြည့်ရဲဘဲ တစ်ဖက်သို့လှည့်ကာ အပြင်သို့ ထွက်လာခဲ့မိလိုက်သည် ။

C OL O U RL ES S Where stories live. Discover now