C OL O U RL ES S [ 4 ]

245 29 0
                                    


" နာနေတဲ့ဟာကို အခုလို ပြုံးနေတော့ စိတ်မကောင်းဖြစ်တယ် "

" မတော်လို့ပါ မတော်တစထိခိုက်မိသွားတာမလား "

ဘာကြောင့်ရယ် မသိ ။
သူနည်းနည်းလောက်ဖြစ်ဖြစ် မျက်နှာညိုးလာပြီဆို
ကိုယ့်မှာ နေလို့မတတ်ဘူး ။
တစ်ကယ်ဆို သူက ကြင်နာတတ်ပါတယ် ။

" နောက်ဆို ညင်သာပါ့မယ် "

စကားလုံးတွေက ရင်ကို နွေးအောင်လုပ်တတ်သလား ။
သူ့စကားမှာ ရင်ထဲ‌အနွေးဓာတ်တစ်ချို့စိမ့်ဝင်လာတယ် ။
ဒီခံစားချက်ဟာ ပြောမပြတတ်လောက်အောင် အထူးအဆန်း ။
အခုလောက်ထိ ကိုယ့်အပေါ် အလေးထားမည် မထင်ခဲ့မိတာဟာ ကိုယ်ကဘဲ သူ့အပေါ် သူစိမ်းဆန်နေခဲ့ခြင်းလား ။
အမှန်ဆို ကိုယ်က သူခေါ်လာခဲ့လို့သာ လမ်းပျောက်သူအဖြစ်ကနေ ခိုလှုံစရာ နေရာတစ်ခု ရခဲ့တာလေ ။

" မဟုတ်တာ .. အခုလည်း အရမ်းကြမ်းတာမှမဟုတ်တာ .. နဲနဲ နဲနဲလေးဘဲ မနူးညံ့သလိုဖြစ်နေတာ "

ဟုတ်တယ် နဲနဲလေးဘဲ ။








အိမ်ပြန်ရောက်ထဲက အရွက်စိမ်းတွေအပြည့်ပါတဲ့ ပလိုင်းကိုယူပြီး နောက်ဖေးဘက်ထဲ ဝင်သွားတဲ့သူက တစ်ထုထုတစ်ထောင်းထောင်း ။
ဧည့်သည်တွေအတွက် နေရခက်တဲ့အချိန်က အိမ်ရှင်တွေအလုပ်လုပ်နေတဲ့ အချိန်ဘဲတဲ့ ။
ကိုယ့်မှာနေလို့မတတ် ထိုင်လို့မတတ် ။
ပက်လက်ကုလားထိုင်ပေါ်ထိုင်လိုက် ။
သူအိပ်တဲ့နေရာမှာ သွားထိုင်လိုက် ။
အနောက်ဘက်ကို လှည့်လှည့်ကြည့်လိုက်နဲ့ တစ်ယောက်ထဲ ယောင်လည်လည်ဖြစ်လို့နေသည် ။
သိပ်မကြာလိုက်ဘူး ထုထောင်းသံတွေတိတ်သွားပြီး သူဟာ အနောက်ခန်းထဲကနေ ပြန်ထွက်လို့လာသည် ။ လက်ထဲမှာလဲ ကြွေခွက်တစ်ခုကိုင်လို့လာသည် ။


" ရှင့်လက်ပြင်က ဒဏ်ရာကိုဆေးထည့်ရအောင် "

ဒဏ်ရာ! ။
လက်ပြင်မှာ?! ။

" ကျွန်မ ဘားမှဖြစ်မထားပါဘူး "

" ရှင်လက်ပြင်ကို သစ်ကိုင်းတစ်ခုနဲ့ ခြစ်မိထားတယ် "

" နာတာမျိုးလည်းမရှိပါဘူး "

လက်တွေနဲ့ တစ်ဖက်တစ်ချက်စီကို လိုက်လို့ကိုင်ကြည့် စမ်းကြည့်မိတယ် နာမနေဘူး ။
သူက ဘေးနားထိုင်လာပြီး ကိုယ့်လက်တစ်ဖက်ကိုကိုင်ကာ လက်ပြင်က တစ်နေရာကို ထောက်ပေးလာသည် ။


C OL O U RL ES S Dove le storie prendono vita. Scoprilo ora