ထင်းရှူးပင်တွေကိုဖောက်ပြီး အိမ်အိုပေါ်ကျလာတဲ့ နံနက်နေရောင်ဟာ အိမ်အိုပတ်ပတ်လည်၌သာဖြာကျလျှက်ရှိသည် ။
အချိန်ကာ အတော်စောလှသေးသည် ။
ပင်ပန်းလွန်းပြီး အိပ်လို့တော့ပျော်သွားခဲ့ပေမဲ့ မနက်စောစောထတတ်တဲ့အကျင့်ကြောင့် အရင်နိုးလာတဲ့ အသိစိတ်မှာ တစ်ခုခုထုထောင်းနေသည့် အသံတွေကိုကြားလာရသည် ။
မျက်လုံးတွေကို မဖွင့်နိုင်သေးဘဲ ကိုယ်ကိုအရင်ထလိုက်တော့ ကိုယ်ပေါ်က ခပ်လေးလေးအရာတစ်ခုဟာ အောက်သို့ လျောကျလို့သွား၏ ။
အအေးဓာတ်က တစ်ချိန်တည်းမှာဘဲ ကိုယ်ထဲစိမ့်ခနဲ ဝင်ရောက်လို့လာသည် ။" အား အေးလိုက်တာ "
ကျုံ့သွားတဲ့ကိုယ်မှာ လက်မောင်းသားတွေကို လက်တွေနဲ့အမြန်ဘဲပွတ်တိုက်လိုက်မိသည် ။
မျက်လုံးတွေကိုဖွင့်တော့ ပင်ပန်းလွန်း၍အိပ်ချင်မပြေသေးသည့်မျက်လုံးတွေဟာ ဖွင့်ဖွင့်ချင်းမှာ ကြိမ်းစပ်စပ် ။
မီးဖိုမှာတော့ ဖိုထားတဲ့ထင်းရှူးမီးတွေဟာ ယခုထိ မပျက်တောက်လောင်နေသေးသည် ။
ကြည့်ရတာ တစ်ညလုံး သူ မီးထထိုးခဲ့ပုံပါဘဲ ။
ပေါင်ပေါ်မှာအပုံလိုက်ကြနေသည့် အဝတ်စကိုကောက်ကာပြန်ခြုံလိုက်ပြီး အရှေ့တစ်နေရာက သူအိပ်တဲ့နေရာကို လှမ်းကြည့်မိတော့ သူဟာ ထိုနေရာမှ မရှိတော့ ။
ကိုယ့်ထက်ပင် စောနိုးနေပုံထောက်သည် ။" နိုးလာပြီလား "
အသံဟာ အိမ်ရှေ့အဝင်အပေါက်ဘက်ကနေလာသည့် အသံဖြစ်သည် ။
ရှာခနဲလှည့်ကြည့်မိတော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ ကြွေပန်းကန်တစ်လုံးနဲ့ ပေါင်မုန့်ကြမ်းအချို့ကို ယူလာသည့် သူ ။" ရှင့်အတွက် မနက်စာ .. ကျွန်မတောင်ပေါ် ဆေးရွက်ခူးသွားလိုက်အုံးမယ် "
ကိုယ့်အရှေ့တစ်နေရာက သူအိပ်တဲ့နေရာမှာ သယ်လာတဲ့ သစ်သားဗန်းကို ချပြီး ကိုယ့်ဘက်လှည့်လာတဲ့သူက မနေ့ညကချထားတဲ့ဆံနွယ်ရှည်တွေကို တစ်ဝက်ခွဲကာ အဖြူရောင်ကြိုးအရှည်ဖြင့် အပေါ်သို့ မြောက်ကာစည်းထားလေသည် ။
ဒီလိုကြပြန်လည်း သူက ရိုးရှင်းပြီးကြည့်ကောင်းပြန်သည် ။
YOU ARE READING
C OL O U RL ES S