ကျောပေါ်မှီကျလာတဲ့ Tzuyuကို Sanaလှည့်လို့မကြည့်နိုင်ဘူး ။
ကျောပြင်ကအထိအတွေ့တစ်ခုကိုသာ ရနေရင်း မျက်လုံးတွေဟာ မှေးမစင်းနိုင်ဖြစ်နေလေသည် ။
တဖြည်းဖြည်းအနေကြာလာလေ နွမ်းလျနေတဲ့ကိုယ်ခန္ဓာက ရေနွေးနွေးမှာ ငိုက်မြည်းလာရင်း Sanaလည်း အိပ်လို့ပျော်သွားသည် ။෴
ကစားလာတဲ့ မျက်ခွံတွေအောက်က မျက်လုံးအစုံဟာ အမှောင်ယံကိုကျောခိုင်းထားလျှက် ။
ဖိုထားတဲ့ အနားကမီးဟာလည်း ငြိမ်းလူ့လူ့မို့ အအေးဓာတ်ဟာအရင်ညတွေထက် ပိုလို့ကဲနေသည် ။
အနွေးဓာတ်ရှိရာဆီသာ ပိုပိုတိုးနေမိတဲ့ အသိစိတ်က မျက်လုံးတွေ ဖွင့်လိုက်ဖို့ကို အားမပေးချင်ဖြစ်နေလေသည် ။
လက်တွေကို ရင်ထဲပိုက်ထားဖို့ ရင်ခွင်မှာ ကပ်မိတော့ ခပ်မာမာအရာတစ်ခုကို Sana ရင်ခွင်ထဲ၌ စမ်းမိလိုက်သည် ။
လက်ချောင်းတွေ ညိဝင်သွားတဲ့ အမွှေးဖွာဖွာတွေကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်မိတော့ Tzuyuက Sanaရင်ခွင်ထဲ ရောက်လို့နေလေသည် ။
ဟင်! ။
နိုးလာမှ ရင်ခွင်ထဲပိုတိုးဝင်လာတဲ့ Tzuyuကြောင့် Sanaမှာ ရင်ခုန်သံတွေလည်း အမှားမှား ။
ရင်ခွင်ထဲ ခေါင်းလေးအနည်းငယ်လှုပ်လာတဲ့ Tzuyuကြောင့် Sana Tzuyuကို ငုံ့ကြည့်မိတော့
မျက်ခွံတွေကိုဖောက်ပြီး စီးကျလာတဲ့ မျက်ရည်စတွေကို Sanaတွေ့လိုက်ရသည် ။
ဖြည်းဖြည်းဘဲ ခါးပေါ်က Tzuyuလက်တွေကို ဖယ်လိုက်ပြီး အိပ်နေတဲ့နေရာကနေဆင်းသွားဖို့လုပ်တော့ ရင်ခွင်ထဲက Tzuyuခေါင်းလေးကိုလည်း အသာ ပွေ့မရပြန်သည် ။
ဘေးမှာ အသာလေးချပေးလိုက်ပြီး Tzuyuကို Sanaခဏတာမျှကြည့်နေလိုက်မိသည် ။
ဘေးမှာပေနေတဲ့ မျက်ရည်စတွေကို သုတ်ပေးမိတော့ Tzuyuဆီကနေ" မ ထား ခဲ့ ပါ နဲ့ "
စို့နစ်နေတဲ့ စကားသံတိုးတိတိလေး ထွက်လို့လာတယ် ။
ထိုစကားကိုကြားတော့ Sana ရင်တွေထဲနင့်ခနဲ ။
ဘာကြောင့်ရယ်မသိ အလိုလိုကိုယ်ပါလိုက်ပြီး ဝမ်းနည်းလာမိတဲ့ စိတ်ကြောင့် Tzuyuကိုကြည့်နေရာကနေ အမြန်ဘဲ Sanaအကြည့်လွှဲလိုက်မိသည် ။
လှဲနေရာကနေအမြန်ထလိုက်ပြီး Tzuyuကို ကျောခိုင်ရပ်မိတော့ တစ်ဖက်မှာကျန်ခဲ့တဲ့ Tzuyuဆီကနေ စကားသံအချို့ထပ်ထွက်လို့လာသည် ။
YOU ARE READING
C OL O U RL ES S