C OL O U RL ES S [ 17 ]

167 32 26
                                    

အမှောင်ထဲမှာချွတ်ထားခဲ့တဲ့ ဝတ်ရုံနက်ကို ပြန်ဝတ်လိုက်ပြီး အရှေ့ကိုပြန်ရောက်လာခဲ့တော့ လက်ထဲကိုင်လာတဲ့ဆံပင်ချည်တဲ့ကြိုးစက  မထင်မှတ်ဘဲ
လက်ထဲကနေ ကျသွားသည်မို့ မင်းသမီးဟာကောက်ယူဖို့ဟန်ပြင်လိုက်ချိန်မှာဘဲ Sanaဟာထိုကြိုးစကိုကောက်လို့ယူလိုက်ပြီး မင်းသမီးအားကမ်းပေးလိုက်သည် ။

အနီရောင်ကတ္တီပါသိုး‌မွှေးနုအပေါ်မှာမှရွှေရောင်ချည်စနဲ့ထိုးထားတဲ့နဂါးပုံကို ကြိုးစ၏အလယ်မှာ Sana သူ့အားကမ်းလို့ပေးနေမိတုန်းမှာဘဲ တွေ့လိုက်ရသည် ။ Sanaထိုနဂါးပုံကိုတွေ့တော့ ရွှေချည်စနဲ့ထိုးထားတဲ့နဂါးပုံဟာ အသက်ဝင်လာခဲ့ပြီး တစ်ပတ်လည်ကာ ပျံသန်းသွားသည်ကို Sanaအသေအချာကိုမြင်တွေ့လိုက်ရသည် ။

" နဂါးပုံထိုးထားတဲ့လက်ရာက အရမ်းရုပ်လုံးကြွတယ်မဟုတ်လား .. နဂါးကပျံနေသလိုမျိုး "

အရပ်အမောင်းရယ်ကွာဟချက်မရှိသလို ခန္ဓာကိုယ်၊ကိုယ်လုံးကိုယ်ပေါက်ဟာလည်း ညီမျှလှသည် ။ အပြိုင်ကြလာတဲ့ မျက်ဝန်းနှစ်စုံဟာ မျဉ်းဖြောင့်တကြောင်းပေါ် ။ ရင်းနှီးလွန်းတဲ့ ခံစားချက်ကိုသိသလား ။ ဒါဟာ မှန်ကြည့်မှ မြင်ရတဲ့ ကိုယ့်ကိုယ်ကိုအပေါ်ပြန်ခံစားရတဲ့ ခံစားချက်မျိုးလေ ။ အဲ့မိန်းကလေးမျက်လုံးတွေက သေချာကြည့်မယ်ဆို Sanaမျက်လုံးတွေနဲ့သိပ်တူတယ် ။

အလယ်မှာ အနီရောင်ကတ္တီပါစကိုဆွဲထားပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတဲ့ Sanaတို့ကို Tzuyuဟာ တစ်ဖက်ကနေလှမ်းလို့ကြည့်နေရင်း

" အချိန်မစောတော့ဘူး ရှင်ပြန်သင့်ပြီ "


လျှိုထဲကနေလှမ်းမြင်ရတဲ့အပေါက်ငယ်ကတစ်ဆင့် တဖြည်းဖြည်းထွက်ပြူစပြုလာတဲ့ကြယ်တွေကို မော်ကြည့်ရင်း ကျောက်ဖျာပေါ်ထိုင်နေသည့် မင်းသမီးဟာ Tzuyuလက်တွေကိုဆုပ်ကိုင်ခဲ့တဲ့ သူ့လက်တွေကိုပြန်ကြည့်ပြီး နှုတ်ခမ်းပါးပါးနှင့် အပြုံးသေးသေးလေးတွေကို အချိုမြိန်ဆုံးပြုံးလို့နေသည် ။ အချိန်ရယ်အဘယ်မျှလောက်မှ မကြာလိုက် မျက်လုံးနီနီရဲ့အရိပ်မည်းတစ်ခုအသွင်သို့ သူမဟာ ခဏချင်းပြောင်းလဲလို့သွားလေသည် ။

C OL O U RL ES S Where stories live. Discover now