👱♀️- ခရီးသည်များလိုက်ပါလာတဲ့
လေယာဥ်ဟာ မကြာခင် ဆိုးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းသက်တော့မှာဖစ်တာကြောင့် အဆင်သင့်ပြင်ထားပေးကြပါရှင်.....လေယာဥ်ဆီမှ အချက်ပေးသံထွက်ပေါ်လာတာနဲ့ high class မှာ ခြေချိတ်ထိုင်ပီး ipad ကြည့်နေတဲ့ သူကို ဘေးမှာရှိနေတဲ့အတွင်းရေးမှူးNoကသတိပေးလိုက်တယ်...
No - CEO ခဏနေလေယာဥ်ဆင်းတော့မယ်ခဗျ
No ဆီကအသံကြားမှ ခေါင်းမော့ကြည့်လာပီး အသိအမှတ်ပြုခေါင်းညိမ့်ပြကာ
ipad ကိုပိတ်လိုက်တယ် အဲ့နောက်
မျက်လုံးမှာတပ်ထားတဲ့ ပါဝါမျက်မှန်ကိုချွတ်လိုက်တယ် လက်ညှိုးနဲ့လက်မကိုသုံးကာ မျက်ခုံးနှစ်ခုကြားအလယ်ကိုဖိနှိပ်လိုက်တယ်...
နက်မှောင်တဲ့ မျက်ခုံးတစုံ စူးရှတဲ့မျက်ဝန်း ဖြောင့်စင်းတဲ့နှာတံ ပိရိသေသပ်တဲ့နှုတ်ခမ်းပါးတစ်စုံ နောက်ဆုံးယောကျ်ားပီသတဲ့ မျက်နှာကျပုံစံနဲ့ ချောမောတဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့အပြင် ၆ပေကျော်ရှည်တဲ့အရပ်နဲ့ ကျစ်လစ်ပီးယောကျ်ားပီသတဲ့ခန္ဓာကိုယ် ကို suit အပြည့်ဝတ်ဆင်ထားတဲ့ CEO Mew Suppasit Jongcheveevat....လေယာဥ်ဆင်းသက်လာပီးတဲ့နောက် public area ကမဆင်းပဲ VIP တွေသာအသုံးပြုတဲ့ နေရာကနေသာ ထွက်လာခဲ့ပီး လေဆိပ်အပြင်မှာအဆင်သင့်စောင့်နေတဲ့ အနက်ရောင်ကားတစီးပေါ်သို့အဆင်သင့်တက်ထိုင်လိုက်တယ်....
No - CEO ခဗျ အိမ်ပြာတော်တန်းကိူ သမ္မတနဲ့တွေဖို့တန်းသွားမှာဖစ်ပါတယ်
Mew - အင်း...ရောက်ရင်ပြော
No - ဟုတ်ကဲ့
Mew Suppasit Jongcheveevat....
ထိုင်းနိုင်ငံရဲ့ မြို့တော်ဝန်ဟောင်းဖစ်တဲ့ Khun Jongcheveevat ရဲ့တစ်ဦးတည်းသောသားတယောက်
အဆင်းရောအချင်းပါပြည့်စုံပီး ငယ်ငယ်ထဲက နိုင်ငံရေးသမားဖစ်တဲ့ ဖခင်စိတ်တိုင်းကျနေထိုင်ခဲ့တဲ့သား...
အသက်၂၃ အရွယ်မှာထဲက Heaven Group ရဲ့CEO တစ်ယောက်ဖစ်လာပီး
hotel လုပ်ငန်းများစွာကို ဦးဆောင်ခဲ့တဲ့လူငယ် CEO တစ်ယောက်....
ဖခင်ရဲ့ခြေရာအတိုင်း နိုင်ငံရေးကိုမလုပ်ခဲ့ပေမဲ့ ဖခင်ရဲ့ image ထိခိုက်မဲ့အလုပ်ဘာတခုမှမလုပ်ပဲနေထိုင်ခဲ့တဲ့သူ....
ယခု ၃၃ အရွယ်ဖစ်လာပီး ကိုယ်ပိုင်လုပ်ငန်းနဲ့ hotel လုပ်ငန်းများစွာပိုင်ဆိုင်ပေမဲ့ ဖခင်ဖစ်သူရဲ့ထိန်းချုပ်မှုအောက်မှာ အသက်ပင်ဝဝမရှုခဲ့ရတဲ့သူ
သူတချက်မှားတာကိုစောင်ကြည့်နေတဲ့လူပေါင်းများစွာရှိသလို မြို့တော်ဝန်ဟောင်းရဲ့သားတယောက်ဖစ်တဲ့အပြင် အဆင်းရောအချင်းပါပြည့်စုံတဲ့ Mew ဟာ တခါတလေ cele တွေထက်ပင်နာမည်ကြီးနေတဲ့အမျိုးသားတစ်ဦး....
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...