မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကဖြတ်ပီး မျက်နှာပေါ်ကျရောက်လာတာမို့ gulf အိပ်နေရင်း မျက်မှောင်ကျုတ်လိုက်မိတယ်....
ညကသောက်ထားတဲ့အရှိန်နဲ့ ထိုးကိုက်နေတဲ့ခေါင်းကြောင့် နားထင်စပ်ကို လက်နဲ့ဖိရင်း အိပ်ယာမှထခဲ့ရတယ်...
တသက်နဲ့တကိုယ်တခါမှ ဒီလောက်မသောက်ခဲ့ဖူးဘူးလေ....
နာရီကြည့်လိုက်တော့ အလုပ်သွားဖို့အချိန်နီးနေပီမို့ ရေချိုးခန်းအမြန်ဝင်ကာ
ပြင်ဆင်ရပြန်တယ်....
အားလုံးပီးစီးသွားတော့မှ ကျောပိုးအိတ်လေးကောက်လွယ်ကာ အပေါ်ကဆင်းလာခဲ့တော့တယ်...G'mae - သားလာ...mae က မနိုးသေးဘူးထင်လို့လာနှိုးတော့မလို့
Gulf - ဟုတ် ညက ညစာစားပွဲရှိလို့နဲနဲသောက်လာတာmae
ထမင်းစားပွဲမှာဝင်ထိုင်ပီးmae ကိုမျက်နှာချိုသွေးကာပြောလိုက်တယ်
G'mae - နဲနဲဟုတ်လို့လားသားရယ် သေချာလဲစဥ်းစားပါအုံး
Gulf - ဟီး....
mae က မျက်စောင်းလေးထိုးပီးပြောလိုက်ကာမှ gulf အရှက်ပြေရီပြလိုက်တော့တယ်
G'mae - ဒီမှာ အမူးပြေအောင် ဟင်းချိုးလေးသောက်လိုက်
ပြောရင်း ဟင်းချိုထည့်ထားတဲ့ပန်းကန်လုံးလေးသူ့ရှေ့ချပေးကာ mae လဲ စားပွဲဝိုင်းမှာဝင်ထိုင်လိုက်တယ်
gulf လဲ mae ပေးတဲ့ဟင်းချိုလေးသောက်လိုက်မှပဲ ရင်ထဲနဲနဲရှင်းသွားသလိုခံစားလိုက်ရတော့တယ်G'mae - အယ်....ဒါနဲ့ သားညက အရမ်းမူးလာတာ ဘာနဲ့ပြန်လာလဲ taxi နဲ့လား
gulf ဟင်းချိုသောက်နေတုန်း mae မေးလိုက်တာကြောင့်
Gulf - အင်းလေ taxi....
[ဟာ....CEO
ဝိုး....CEO ကားကစီးလို့ကောင်းလိုက်တာ
CEO ကလေ ကြည့်လေချောလေပဲသိလား ဘာတွေများစားလို့ပါလိမ့်
ပင်ပန်းရတဲ့ထဲ ကျွန်တော့်ကိုလိုက်ပို့ရတော့ပိုပင်ပန်းတော့မှာပဲ
အင့်...စားလိုက် အပြန်အိပ်ငိုက်မှာစိုးလို့
ကျွန်တော်ကျတော့ CEO ကို ပုခုံးပေါ်မှာ ၂နာရီလောက်အိပ်ခိုင်းရတယ်
ပဲခေါက်ဆွဲလဲဝယ်ကျွေးရတယ် ပီးတော့ CEO ကိုပျော်အောင်လို့ လမ်းဘေးမှာလဲ ကပေးရတယ် CEO ကတော့ ဒါလေးတောင်မစားချင်ဘူးပေါ့
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...