Unexpected Love final

593 43 7
                                    


mae နဲ့တွေ့ခဲ့တယ်တဲ့လား အဲ့တာကြောင့် အခုလိုလမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာလား ဇာတ်နာလိုက်တာဗျာ သူတယောက်ထဲသူရဲကောင်းကြီးလုပ်ပီး တယောက်ထဲကြေကွဲနေတဲ့လူကြီးဆီ အပြေးသွားခဲ့တယ်
condo ရှေ့ရောက်တာနဲ့ Password ကိုယ့်မွေးနေ့ကို တန်းနှိပ်ပီးဝင်လာခဲ့တယ်
ဒါလား လမ်းခွဲမဲ့လူ အခုထိpasswardတောင်မပြောင်းနိုင်ပဲ

Gulf - mew suppasit ခဗျား ဘာအချိုးချိုးတာလဲ

အခန်းထဲရောက်တာနဲ့ တန်းအော်လိုက်တော့ အမှောင်ကြီးထဲ ဆိုဖာပေါ် ခေါင်းငုံကာ ထိုင်နေတဲ့လူက မော့ကြည့်လာတယ်

Mew - ကလေး...

မတ်တပ်ရပ်လာတဲ့လူဆီကို တည့်တည်သွားကာ ခါးတွေကို ကျစ်နေအောင်းဖက်ထားမိတယ် ဒီလူဘလောက်ငိုနေခဲ့လဲသူသိတာပေါ့

Gulf - ကျွန်တော်အမေနဲ့တွေ့ခဲ့တယ်ဆိုတာဘာလို့မပြောတာလဲ

Mew - ကလေး

Gulf - mae ကလမ်းခွဲဖို့ပြောခဲ့လို့လား ဟုတ်လား

Mew - mae ကြောင့်မဟုတ်ပါဘူး ကိုယ်အရင်ထဲကဆုံးဖြတ်ထားခဲ့တာပါ

Gulf - မလိမ်နဲ့ ခဗျားကျွန်တော်မရှိပဲ
မနေနိုင်တာကျွန်တော်အသိဆုံး ပြောတော့ဒူးထောက်ပီးပဲဖစ်ဖစ်တောင်းပန်မယ်ဆို သဘောတူတဲ့အထိစောင့်မယ်ဆို

ရင်ဘတ်ကိုထုကာငိုနေတဲ့ကောင်လေးရဲ့လက်တွေကိုဖမ်းဆုပ်လိုက်ရင်

Mew - ဒူးထောက်ခဲ့တာပေါ့ ခြေထောက်ကိုကိုင်ပီးတော့ကိုတောင်းပန်ခဲ့တာပေါ့ ဒါမဲ့လေ mae ကလဲ ကိုယ့်ကိုဒူးထောက်မတတ်တောင်းပန်ခဲ့တယ် ကိုယ်တို့အကြောင်းကိုသိနေတာတောင်အပြုံးမပျက် ထမင်းပွဲပြင်ပေးခဲ့တယ် အဲ့နေ့က mae က ကိုယ့်ကို သိပ်ကိုရိုးရှင်းပီးနွေးထွေးတဲ့ထမင်းပွဲပြင်ပေးခဲ့တယ် ကိုယ့်ဘဝမှာတခါမှမစားခဲ့ဖူးတဲ့ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ထမင်းဝိုင်းလေ အဲ့လိုအရာကိုကိုယ်ဘလိုလုပ်ပီးဖျက်ဆီးရက်မှာလဲ

Gulf - ကိုကိုရာ...

Mew - ကိုယ်တို့မိသားစုက သာမန်ထမင်းလေးစားရင်တောင် သတင်းထွက်တယ်... မှတ်မိတယ်မလား ကိုယ်တို့လမ်းဘေးက ကွေ့တီယိုစားတာတောင်  သတင်းထွက်ခဲ့တာလေ
အဲ့လိုပရမ်းပတာ ကိုယ့်ဘဝနဲ့ ရိုးရှင်းတဲ့ ထမင်းပွဲလေးက ဘလိုလုပ်လိုက်ဖက်မှာလဲ

Unexpected Love (complete) Where stories live. Discover now