Part 7
No - CEO ပတ္တရား hotel အသစ်အတွက် ပန်းချီမှာထားတာလေ
Mew - အင်း ဘာလို့လဲရောက်ပီလား
No - မဟုတ်ဘူးဗျ မပို့နိုင်တော့ဘူးလို့ဆက်သွယ်လာလို့ အဲ့တာ
Mew - ဘလိုဖစ်တာလဲ အကုန်ပြောပီးသားကို
No - ကျွန်တော်တို့လဲ ဖုန်းဆက်ပေမဲ့ ဟိုဘက်က စက်ပိတ်ထားတယ်
Mew - ဟူး......ပန်းချီကမရလို့မဖစ်ဘူး
No - ဟုတ် အဲ့တာ ကျွန်တော်တို့လဲဆက်သွယ်ပေမဲ့....
Mew - ငါကိုယ်တိုင်သွားမယ်
No - ဗျာ...ဖစ်ပါ့မလား
Mew - အင်း ဖစ်တယ် မင်းက နေခဲ့လိုက် အကြောင်းတခုခုရှိရင်တော့ဖုန်းဆက်လိုက်
No - ဟုတ် CEO
mew မှာစရာရှိတာတွေမှာပီး ပတ္တရားသွားဖို့ထွက်လာခဲ့လိုက်တော့တယ် no ကတော့ ဟိုထိမလိုက်နိုင်ပေမဲ့ company ရှေ့ထိ mew ကိုလိုက်ပို့ရင်း ၂ယောက်သားထွက်လာခဲ့လိုက်တယ်
gulf နဲ့ puifai lobby မှာ စကားပြောနေတုန်း CEO နဲ့သူ့ရဲ့အတွင်းရေးမှူးတို့ လျှောက်လာတာမြင်လိုက်တာမို့ ဦးညွှတ်နှုတ်ဆက်လိုက်တယ်
CEO ကိုကြည့်ရတာ အလျင်လိုနေတဲ့ပုံစံမို့ တခုခုများဖစ်လို့လားဆိုပီး gulf စိုးရိမ်မိပေမဲ့ company မှာဆိုတော့ သွားမေးလို့လဲမဖစ်တာနဲ့ သူ့ရှေ့ကထွက်သွားတဲ့ သူကိုသာလိုက်ကြည့်နေမိတယ်....Puifai - gulf...gulf....
Gulf - ဟမ်...အေး ပြော
Puifai - ဘာတွေအဲ့လောက်ကြည့်နေတာလဲ အထဲပြန်ဝင်မယ်လေ
Gulf - အေး အေး သွားမယ်
puifai သတိပေးမှပဲ gulf အကြည့်လွှဲလိုက်ပီး အထဲပြန်ဝင်လာခဲ့တော့တယ်
.......
mew လမ်းလျှောက်လာရင်း မိန်းကလေးတယောက်နဲ့ စကားပြောနေတဲ့ချာတိတ်ကိုတွေ့တာကြောင့် စိတ်ကသိပ်အလိုမကျချင်ပေမဲ့ သူပတ္တရား
မသွားခင် မျက်နှာလေးမြင်လိုက်ရသေးတာမို့ ကျေနပ်နေမိတယ်...No - CEO တခုခုဆိုဖုန်းလှမ်းဆက်နော် တယောက်ထဲကြိတ်ဖြေရှင်းမနေနဲ့
Mew - အင်းပါ....ငါစိတ်ချမယ်နော် သွားပီ
mew ရုတ်တရက်သွားရတဲ့ခရီးမို့ phi bosser ကိုလဲ လှမ်းမခေါ်ဖစ်တာကြောင့် သူကိုယ်တိုင်သာ ကားမောင်းထွက်လာခဲ့လိုက်တော့တယ်.....
................
gulf အိမ်ပြန်ရောက်တော့ လူကလဲပင်ပန်းနေတာကြောင့် အိပ်ယာပေါ်ပစ်လှဲလိုက်တယ်...
မျက်နှာကြက်ကိုကြည့်နေရင်း ဒီနေ့အလျင်စလိုနဲ့ထွက်သွားတဲ့ လူရဲ့မျက်နှာကိုမြင်ယောင်လာတာမို့ စိတ်ပူရပြန်တယ်...
ဆက်သွယ်ရအောင်လဲ ဖုန်းနံပါတ်ကမရှိတာကြောင့် စိတ်တိုရပြန်တယ်
ဒီလောက်ခဏခဏတွေနေတာတောင် ဖုန်းနံပါတ်မတောင်းထားမိတဲ့ ကိုယ့်ကိုကိုယ်သာကျိန်ဆဲနေမိတော့တယ်...
YOU ARE READING
Unexpected Love (complete)
Fanficချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...