Part 19
ဒီနေ့တော့ ရုံးပြန်ဖွင့်မဲ့ရက်ဆိုပေမဲ့ gulf အတွက်တော့ ပြောင်းရွေ့ခွင့်ကျမဲ့နေ့လဲဖစ်တယ်.....
gulf company ရှေ့မှာ မတ်တပ်ရပ်ကာ company ကိုကြည့်နေရင်း...
Gulf - ကိုကို့ အခန်းကဘယ်လောက်မှာရှိမလဲ
အထပ်ပေါင်းများစွာရှိတဲ့ အဆောက်အဦးရှေ့တွင်ရပ်ကာ လက်ညိုးလေးထိုးလျက်
Gulf - 1 2 3 4 5 6 7....အာ ရောသွားပီး ပြန်ရေမယ်
အထပ်တွေကအများကြီးမို့ ရေကြည့်နေရင်း မှားသွားတာကြောင့် gulf နောက်တခါပြန်ရေပြန်တယ်
Gulf - 1 2 3 4 5 6 7 8 9 10 11 12 13
ဒီမှာပဲအထပ်၃၀ ကျော်ရှိတဲ့အဆောက်အဦးရဲ့ ၁၃ထပ်မြှောက် မှန်ပြတင်းပေါက်လေးတချပ်ဖွင့်ထားတဲ့အခန်းလေးဆီရောက်တော့ gulf ရေနေရင်း ရပ်တန့်ကာ ပြုံးလိုက်တယ်
Gulf - ကိုကို သိရင် စိတ်ဆိုးမှာလား...ဒါမဲ့ကျွန်တော့်ကြောင့် ကိုကိုဒုက္ခရောက်မှာမလိုချင်ဘူး ကိုကို့အတွက်အရေးကြီးတဲ့ ဒီ company ကို ကျွန်တော့်ကြောင့် တခုခုအနှောက်အယှက်မဖစ်ချင်ဘူး
gulf ၁၃ထပ်မြှောက်အခန်းလေးကိုမော့ကြည့်ရင်း စကားတွေပြောကာ နောက်ဆုံးသက်ပြင်းဖွဖွချပီး company ထဲဝင်လာခဲ့လိုက်တော့တယ်...
..............
No - CEO သွားဖို့အချိန်ကျပါပီ အောက်မှာ p'bosser လဲစောင့်နေတယ်Mew ဒီနေ့အလုပ်ကိစ္စနဲ့ ဟောင်ကောင် သွားရမှာဖစ်တာကြောင့် No လာပြောခြင်းဖစ်တယ်
Mew -အင်း သွားမယ် ငါမရှိတုန်း company မှာထူးခြားတာရှိရင်ဖုန်းတင်လိုက်
No - ဟုတ် CEO
Mew ပြောရင်း No နဲ့အတူ အောက်ထပ်ဆင်းလာခဲ့လိုက်တယ်
mew ဆင်းလာတာမြင်တော့ bosser ကလဲ ကားထဲကဆင်းကာ တခါးဖွင့်ပေးလိုက်တာကြောင့် mew ခေါင်းညိမ့်ပြကာ ကားထဲဝင်ထိုင်လိုက်တယ်
ပီးမှ bosser လဲ ကားထဲအမြန်ပြန်တက်လိုက်တော့တယ်No - လမ်းခရီး ဂရုစိုက်ပါ CEO
ကားလေးထွက်ခါနီး No နှုတ်ဆက်ကာ အရိုအသေပေးတော့ mew ကလဲ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်တယ်
အဲ့နောက်မှာတော့ ကားလေးဟာ ထွက်ခွာသွားတော့တယ်....
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...