Mew အချိန်အတော်ကြာ အိပ်ပျော်သွားခဲ့တာ အခုမှသူ့ဇက်နာလာတာကြောင့် နိုးလာခဲ့တယ်...နောက်မှသူသတိထားမိတော့ သူ လူတယောက်ရဲ့
ပုခုံးပေါ်မှယအိပ်နေခဲ့မိခြင်းဖစ်တယ်...
mew လန့်ပီး ခေါင်းကိုမော့အကြည့်
ထိုပုခုံးပိုင်ရှင်လူသားကလဲ သူ့ကိုငုံ့ကြည့်နေတာကြောင့် မျက်လုံးချင်းဆုံနေမိခဲ့တယ်...
ယောကျ်ားလေးတစ်ယောက်....
မျက်လုံးလေးတွေက ကြည်လင်ပီး အေးချမ်းတယ် ပီးတော့နွေးထွေးမှုကိုခံစားမိတယ် ကော့ညွှတ်တဲ့မျက်တောင်လေးတွေကလဲ သူ့မျက်ဝန်းလေးကိုပိုပီးလှပစေတယ် ထူထဲပီးတွန့်ချိုးနေတဲ့ မျက်ခုံးတစ်စုံက စိတ်မကြည်တဲ့ပုံစံပေါက်နေတယ်...အဲ့နောက် နှာတံစင်းစင်းလေးအောက်က သစ်အယ်သီးပုံ နှုတ်ခမ်းဖူးဖူးလေးကလဲစူယောင်ယောင်လေးဖစ်နေတယ်...
ဒီကောင်လေး ဘာတွေအလိုမကျဖစ်နေပါလိမ့်ဆိုပီး စဥ်းစားနေတုန်းGulf - ဟေ့လူ...နိုးရင်လဲထလေဗျာ ဒီမာပုခုံးတွေအောင့်နေပီဗျ...ခဗျားရဲ့ခေါင်းကထင်ထားတာထက်လေးတယ်ဗျ...
gulf သူ့ပုခုံးပေါ်၂နာရီနီးပါ အိပ်နေတဲ့လူကြောင့် ပုခုံးတွေအောင့်နေခဲ့ပေမဲ့ နှိုးလဲမနှိုးချင်တာကြောင့် ဒီတိုင်းထားလိုက်တယ်...ခဏနေတော့ ပုခုံးပေါ်လွန့်လူးလာတာကြောင့် နှိုးပီလားဆိုပီး ငုံ့ကြည့်မိတော့ ထို့လူကြီးက သူ့ကိုဘာတွေအဲ့လောက်စိုက်ကြည့်နေမှန်းမသိ ကြာလာတော့ပုခုံးကလဲအတော်နာလာပီမို့ စိတ်ကလဲမရှည်တော့ပဲ ထအော်လိုက်မိတယ်....
gulf အော်လိုက်မှ ပြာပြာသလဲထကာMew - အာ...sorry sorry
mew ထသွားမှ gulf သူ့ပုခုံးသူကိုင်ကာ နှိပ်နေရင်း
Mew - ဒါနဲ့ဘလိုလုပ် ကိုယ်ကမင်းအပေါ်အိပ်မိသွားတာလဲ
Gulf - ဟေ့လူ ပြောပုံက... ခဗျားဒီခုံမှာထိုင်ပီး ရှေ့ကိုငိုက်ကျနေလို့ ကျွန်တော်က လှမ်းထိန်းပေးတာ အဲ့တာကိုခဗျားက အိပ်ချင်တယ်ဆိုပီး ကျွန်တော်ပုခုံးပေါ်အိပ်ပျော်သွားတာ ခဗျသိလား ၂နာရီလောက် ခဗျားအိပ်ပျော်သွားခဲ့တာ...
Mew - ဟမ်...တဂယ်လား...
Gulf - ကျုပ်ပုံစံကလိမ်နေတဲ့ပုံပေါက်နေလို့လား
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...