internet ပေါ်တက်လာတဲ့သတင်းတချို့ကြောင့် No ဖုန်းကိုင်ကာ CEO အခန်းထဲအမြန်ဝင်လာခဲ့တယ်
No - mew
အလုပ်အချိန်တွေမှာ CEO လို့သာတလေးတစားခေါ်ဝေါ်ဆက်ဆံတဲ့သူငယ်ချင်းက နာမည်ကိုခေါ်လိုက်တာကြောင့် ပြုံးကာမော့ကြည့်မိတော့ မျက်နှာမှာတွေ့လိုက်ရတဲ့ စိုးရိမ်မှုတွေ
Mew - ဘာလို့လဲ No
No - မင်းသိသင့်တယ်ထင်လို့ ဒါငါအတွင်းရေးမှုးအနေနဲ့မဟုတ်ပဲ သူငယ်ချင်းတယောက်အနေနဲ့ပြောပြတာ
No ကိုအထူးအဆန်းကြည့်ပီး ပေးလာတဲ့ဖုန်းကိုယူကြည့်လိုက်တော့ သွားပီ ဟုသာ ရေရွတ်လိုက်မိတယ်
ကလေးငယ်ရဲ့ကျောင်းနေဘက်သူငယ်ချင်းတချို့က ကလေးငယ်ကို လှောင်ပြောင်ထားပုံတွေ အားကျသလိုနဲ့ မထိတထိခနဲ့တဲ့စကားတွေ အရင်က သူ့ကိုသာသိခဲ့ပေမဲ့ အခုတော့ ကလေးငယ်ပုံက social media ပေါ်ရောက်လာခဲ့ပီ
Mew - ဒါဘလိုဖစ်ရတာလဲ
No - သူ့ကျောင်းနေဖက်သူငယ်ချင်းတွေထင်တယ် gulf ဆိုတာရိပ်မိသွားပီးတင်လိုက်ရာက သတင်းကပိုပျံ့သွားတာဖစ်မယ်
Mew - ငါကလေးဆီသွားလိုက်အုံးမယ်
No - mew အလုပ်ချိန်လေကွာ ဒီအချိန်မှာသူ့ကိုတယောက်ထဲပေးနေလိုက်တာပိုကောင်းမယ်ထင်တယ်
အလောတကြီးထကာ သွားမယ်ကြံပီးမှ တဂယ်တမ်းသွားလဲ ကလေးငယ်ရဲ့မျက်နှာကိုဘလိုကြည့်ပီး ဘလိုအားပေးရမလဲ သူကိုယ်တိုင်မသိတော့တာကြောင့် စိတ်ပျက်စွာ ခုံမှာအရုပ်ကျိုးပျက်ပြန်ထိုင်ချမိတယ်
No - မင်းကဒီလိုဖစ်နေလို့မရဘူးလေ ဒါတွေကတချိန်တော့ဖစ်လာမယ်ဆိုတာကြိုသိပီးသားမလား ကာကွယ်ပေးမယ်ဆို
Mew - ငါ့ကြောင့် ကလေးထိခိုက်နေတာကွာ ငါနဲ့သာမပက်သက်မိရင် သူ့ဘဝလေးအေးချမ်းနေမှာ
No - ကံကြမ္မာလေကွာ မင်းတို့ရဲ့ဖူးစာက မထင်မှတ်ပဲတွေ့ခဲ့ကြပေမဲ့ ချစ်ဖို့ကံပါလာပီးသားလေ မင်းကကြိုးစားရမှာပေါ့ ချစ်တယ်မလား
Mew - အရမ်းချစ်လွန်းလို့ပေါ့ကွာ မြတ်နိုးရလွန်းလို့ အထိခိုက်သေးသေးလေးတောင်မခံချင်ခဲ့ပေမဲ့ အခုငါကိုယ်တိုင်ကသူ့ကိုထိခိုက်စေနေမိတာ
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...