Unexpected Love (Extra)

757 45 5
                                    


မျက်နှာပေါ် ထိတွေ့နေတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် နှုတ်ခမ်းတို့ကအလိုလိုပြုံးလိုက်မိရင်းမှ

Gulf - ကိုကို ဖယ်ဗျာ မျက်နှာမသစ်ပဲ လာမနမ်းနဲ့

မျက်လုံးတို့မဖွင့်သေးပဲ မျက်နှာတခုလုံးကိုတရှုံ့ရှုံ့နမ်းနေတဲ့လူကြီးကို လက်နဲ့အသာဖယ်ရင်းပြောလိုက်ပေမဲ့ တဖက်လူကြီးကတော့ သူ့စကားကိုကြားရဲ့လားတောင်မသိ နှုတ်ခမ်းတို့ကိုဆက်နမ်းနေပြန်တယ်

Gulf - အွန်း...ကိုကို

Mew - အင်း....

Gulf - ဖယ်လို့

Mew - မဖယ်ချင်ပါဘူး

စကားပြောလိုက် ပီးရင်နှုတ်ခမ်းကိုလာနမ်းလိုက်လုပ်နေတဲ့လူကြီးဟာ သူအိပ်ယာမထ မချင်းရပ်မဲ့ပုံမပေါ်တာကြောင့် gulf အိပ်ယာထရတော့တယ်

Gulf - ကိုကိုဗျာ တဂယ်ပဲ သူများအိပ်နေတာကို

Mew - ဆက်အိပ်လေ ကိုကိုလဲဆက်နမ်းမယ်

Gulf - ခဗျားဒီလောက်နမ်းနေတာ
ဘလိုအိပ်ရမှာလဲ

Mew - ဘာခဗျားလဲ အခုထိမမှတ်သေးဘူးလား

Gulf - ပြောမှာပဲ ဘာဖစ်လဲ

Mew - ပြောရင်နမ်းတယ်ကွာ

ထိုင်နေတဲ့ကိုယ်လုံးလေးကို အတင်းဆွဲဖက်ကာ အိပ်ယာပေါ်လှဲချလိုက်ပီး နှုတ်ခမ်းတို့ကို တခါမှမနမ်းဖူးတဲ့လူလိုနမ်းနေပြန်တယ်
စားရတဲ့ကလေးငတ်တယ်ဆိုတာဒါမျိုးပေါ့...

သူကျေနပ်တော့မှ နောက်ဆုံးအနေနဲ့ထူယောင်ယောင်ဖစ်သွားတဲ့နှုတ်ခမ်းလေးကိုတချက်ဖိကပ်နမ်းပီးလွှတ်ပေးလာတယ်

Gulf - ကိုကို့ကြောင့် အမြဲအလုပ်သွားရင် နှုတ်ခမ်းကယောင်နေတာ puifai တို့ဘလောက် စ တယ်မှတ်လဲ

Mew - ဘာဖစ်လဲ ကိုယ့်ယောကျ်ားနမ်းတာပဲကို ကလေးကရှက်လို့လား

Gulf - တော်ပီ လက်မြှောက်တယ် မျက်နှာသွားသစ်တော့မယ်

Mew - ကိုကိုချီမှာပေါ့ ကိုယ့်ကလေးလေးကို

ပြောရင်း ကုတင်ဘေးဆင်းရပ်ကာ ကုတင်ပေါ်က သူ့ကိုယ်လေးကို ချီလိုက်တာကြောင့် သူလဲအလိုက်သင့် လည်တိုင်လေးကိုတွယ်ကာ ခါးပေါ်ကို ခြေထောက်နှစ်ဖက်နဲ့ခွလျက်လိုက်လာခဲ့တယ်....

Unexpected Love (complete) Where stories live. Discover now