gulf puifai နဲ့စကားပြောပီး အိမ်ပြန်လာတော့ လမ်းမှာရပ်ထားတဲ့ကားကြောင့် စိတ်ထဲဝမ်းသာသွားမိတယ်
Gulf - p'mew....
gulf ကားလေးနားအမြန်သွားတော့ စီယာတိုင်ပေါ်ခေါင်းမှောက်ပီးနေတဲ့ သူကြောင့် ဘလောက်တောင်စိတ်ညစ်နေမလဲတွေးမိပီးစိတ်မကောင်းဖစ်ရပြန်တယ်...
ဒါမဲ့ သူ့စိတ်သူထိန်းလိုက်ပီး မျက်နှာကိုပြုံးလိုက်ကာ ကားမှန်းကိုခေါက်လိုက်တယ်
ဒေါက် ဒေါက်....mew ချာတိတ်ကိုစိတ်ပူတာကြောင့် ချာတိတ်တို့လမ်းထိပ်ကိုရောက်နေပေမဲ့ လက်တွေ့မှာ ကိုယ့်ကြောင့်အဆင်မပြေဖစ်မဲ့ချာတိတ်ကိုတွေးမိပီး ဖုန်းမဆက်ပဲ ကားပေါ်မှာသာထိုင်နေခဲ့တာ....ခဏနေတော့ သူ့ရဲ့ကားမှန်ကိုလာခေါက်တာကြောင့် မော့ကြည့်လိုက်တော့ သူသဘောကျတဲ့အပြုံးလေးပြုံးကာ သူ့ကိုကြည့်နေတဲ့ကောင်လေးကြောင့် စိတ်ပင်ပန်းခဲ့ရသမျှ အဆင်ပြေသွားခဲ့တယ်
mew ကားမှန်ကိုအမြန်ချလိုက်ပီးMew - ချာတိတ် အခုကအလုပ်ဆင်းတာလား
Gulf - ဟင့်အင်း သူငယ်ချင်း နဲ့စကားပြောနေလို့ အခုမှပြန်လာတာ
Mew - အော်....
Gulf - ကျွန်တော်ဆီလာတာလား
Mew - အင်း ချာတိတ်ကိုစိတ်ပူလို့
Gulf - ခဏ ဟိုဘက်ကားတံခါးဖွင့်ပေး
Mew - အင်း...
mew ကားတံခါးဖွင့်ပေးလိုက်တော့
တံခါးနား ပြေးကာ ကားပေါ်တက်လာတဲ့ကောင်လေးကြောင့် ပြုံးလိုက်မိပြန်တယ်...Gulf - အဆင်ပြေရဲ့လား
ကားပေါ်ဝင်ထိုင်ပီး mew ရဲ့မျက်နှာကိုကြည့်ကာမေးလိုက်တယ်Mew - ကိုယ့်အတွက်ဒါတွေကမထူးဆန်းပါဘူး ချာတိတ်ကိုသာစိတ်ပူတာ
Gulf - ကျွန်တော်ကအဆင်ပြေပါတယ် ကျွန်တော့်ကြောင့် p'mew ကိုထိခိုက်မှာပဲစိုးတာ
Mew - ဟင့်အင်း...ကိုယ်အဆင်ပြေတာမို့ စိတ်မပူပါနဲ့ တော်သေးတာပေါ့ အနည်းဆုံးတော့ချာတိတ်ပုံကိုမသဲကွဲလို့
Gulf - အင်းလေ ပုံတွေကသေချာ
မမြင်ရတော့ ကျွန်တော့်ရဲ့ချောမောမှုတွေဖုံးကွယ်နေတာပေါ့
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...