ညနေအလုပ်ဆင်းချိန်ရောက်တော့ အသီးသီးပြန်သွားပေမဲ့ gulf ကတော့ အလုပ်လက်စသတ်စရာလေးတွေကျန်လို့ နောက်ကျမှပြန်ဖစ်ခဲ့တယ်...
ပုံမှန်ဆို အလုပ်ဆင်းချိန် ဖုန်းဆက်နေကျmew က ဒီနေ့တော့ဖုန်းမဆက်
gulf အနေနဲ့လဲ ဒီနေ့mai လာပီး လုပ်သွားတဲ့အပြုအမူကြောင့်စိတ်ရှုပ်နေတာမို့ mew ကို ဖုန်းစမဆက်မိ....gulf ခြေထောက်ထော့နဲ့ ထော့နဲ့ ဖစ်ကာ ပြန်ဖို့ထွက်လာခဲ့လိုက်တယ်
လမ်းလျှောက်လာရင်း အပြင်ရောက်တော့ mewကားကိုတွေ့လိုက်တာကြောင့် အံ့သြသွားမိတယ်Gulf - ကိုကို မပြန်သေးတာလား
gulf တွေးနေတုန်းမှာပဲ ကားပေါ်ကဆင်းလာပီး မျက်နှာမှာလဲ စိုးရိမ်နေသလို စိတ်ဆိုးနေတဲ့ပုံလဲပေါက်နေတဲ့ mew က gulf အနားရောက်တော့
Mew - ကျစ်....ဒီလောက်ဖစ်နေတာကိုမပြောဘူး
Gulf - အာ့..ကိုကို့ ဘာလုပ်တာလဲ
mew သူ့ရှေ့က gulf ကို ပွေ့ချီလိာက်တာကြောင့် gulf မှာရုတ်တရက်လန့်ကာ ပြောလိုက်တယ်
Mew - ကိုကို စိတ်တိုနေတယ်ကလေး ငြိမ်ငြိမ်နေပေး
တခါမှဒီလေသံနဲ့မပြောဖူးတာကြောင့် mew တဂယ်စိတ်တိုနေမှန်းသိသာလှတယ်....gulf လဲဘာမှမပြောတော့ပဲ ငြိမ်ပီးသာလိုက်လာခဲ့တော့တယ်
တော်သေးတာပေါ့ သူများတွေအလုပ်ဆင်းသွားကြပီမို့လို့mew gulf ကိုယ်လေးကိုပွေ့ချီလာပီး ကားတခါးဖွင့်ကာ ခုံပေါ်အသာချပေးလိုက်တယ်....ပီးမှ တဖက်ကိုအမြန်သွားပီး သူလဲကားထဲဝင်ထိုင်လိုက်တယ်
Gulf - ကိုကို....
gulf ခေါ်လိုက်ပေမဲ့ ဘယ်မထူးပဲ gulf ဘက်ကိုလှည့်လာကာ
Mew - ငြိမ်ငြိမ်နေ ကလေး
mew ပြောလိုက်ရင်း ခါးပတ် ပတ်ပေးလိုက်တယ်
ပီးမှ သူလဲ ခါးပတ်ပတ်ကာ ကားမောင်းထွက်သွားတော့တယ်တလမ်းလုံးဘာမှမပြောပဲ ရှေ့ကိုသာအာရုံစိုက်ပီး ကားမောင်းနေတဲ့ mew ကို gulf ကတော့ စိုက်ကြည့်နေမိတယ်
ကိုကိုသူ့ကို ခြေထောက်ကဒဏ်ရာအကြောင်းမပြောလို့စိတ်တိုနေမှန်းရိပ်မိပေမဲ့ သူ့ကိုစိတ်ပူနေမှန်းလဲသိရတာမို့ ကြည်နူးမိတာတော့အမှန်...
ခဏနေတော့ ကားလေးက အဆင့်မြင့် codominium ရဲ့မြေညီထပ်ကားပါကင်ထဲဝင်သွားပီး ကားထိုးရပ်လိုက်တယ်
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...