San - အော် CEO မဂ်လာပါ
Mew - မဂ်လာပါ
company ထဲ No နဲ့အတူလှည့်ပတ်ကြည့်ရင်း လမ်းမှာ ဌာနမှူး san ကိုတွေ့တာကြောင့်နှုတ်ဆက်ရင်း ဘေးကပါလာတဲ့ puifai ကိုပါပြုံးပြလိုက်တယ်
San - သူက ဟိုတခါကျွန်တော်ဖုန်းနဲ့ CEO ကိုလှမ်းဆက်တဲ့သူလေ ကျွန်တော်ကောင်းကောင်းဆူထားပါတယ်
Puifai - တောင်းပန်ပါတယ် CEO
Mew - မဟုတ်တာ ဆက်သွယ်ပေးလို့ကျေးဇူးတင်ပါတယ်
ကလေးငယ်နဲ့ပက်သက်ပီး သူ့ကိုဆက်သွယ်ပေးခဲ့တဲ့အပြင် ကလေးငယ်နဲ့သူငယ်ချင်းဖစ်တာကြောင့် ပြုံးကာ ကောင်းမွန်စွာပြန်ပြောလိုက်တယ်
San - ဒါဆို သွားလိုက်ပါအုံးမယ် CEO
Puifai - ဟို CEO
ထွက်သွားခါနီး puifai ခေါ်လိုက်တော့ mew ပြန်လှည့်ကြည့်လာတယ်
Puifai - ခဏလောက် စကားပြောလို့ရမလား
San - puifai...
ဘေးက san က ခပ်ကြိတ်ကြိတ်အသံပေးကာသတိပေးလိုက်သလို no ကလဲအံ့သြသလိုကြည့်နေခဲ့တယ်
Mew - ရတယ် phi san...ကျွန်တော်လဲပြောချင်နေတာပါ
san ကိုလက်ခါပြရင်း အဆင်ပြေကြောင်းပြောလိုက်ပီး puifai ကို သူ့ရုံးခန်းဆီလိုက်ခဲ့ဖို့တခါထဲခေါ်လာခဲ့လိုက်တယ်
Mew - ထိုင်ပါ
Puifai - ဟုတ် CEO
Mew - ပွင့်ပွင့်လင်းလင်းပြောပါ ဘာကိစ္စရှိလို့လဲ
ဒါဒုတိယအကြိမ် CEO အခန်းထဲရောက်ရှိနေခြင်းပါ ပထမတခါကတော့ အလုပ်ကိစ္စဆိုပေမဲ့ ဒုတိယအခါက ကိုယ်ရေးကိုယ်တာအတွက်ပေါ့
Puifai - gulf ကိစ္စပါ
Mew - ကျွန်တော်ရိပ်မိပါတယ် ပြောပါ
လူကြီးလူကောင်းဆန်စွာ တည်ငြိမ်နေတဲ့ CEO ကိုရှိန်ပေမဲ့ မပြောလို့မဖစ်တဲ့ကိစ္စလဲရှိနေတော့ သတ္တိမွေးကာပြောရတော့မယ်
Puifai - မနေ့က gulf အပြင်သွားတုန်း gulf အမေက ကျွန်မကိုအိမ်လာဖို့ခေါ်ပါတယ်
မနေ့က ကလေးငယ်က သူ့အိမ်ရောက်နေခဲ့ပါလားလို့တွေးရင်း puifai ပြောတာကိုခေါင်းငြိမ့်ကာဆက်နားထောင်လိုက်တယ်
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...