Unexpected Love -ep25

373 39 0
                                    


ပတ္တရားမှာ နှစ်ယောက်အတူ ပျော်ပါးခဲ့ပီးနောက် CEO ကြီးကိုယ်တိုင်ကပဲ ဝန်ထမ်းငယ်လေး ကို bangkok ကိုပြန်ခေါ်လာခဲ့တယ်....

San - ပြန်ကြိုဆိုပါတယ်နော်

Gulf - ကျေးဇူးပါဌာနမှူးsan

Na Na - gulf ကိုလွမ်းနေတာ gulf မရှိတို့အမတို့ဌာနကတိတ်ဆိတ်နေတာပဲ

Gulf - ဟီး...ဟုတ် အခုပြန်ဆူညံတော့မှာပါ

gulf ရဲ့ပထမဆုံးအကြိမ်ပြန်လည်ရုံးတက်ရတဲ့နေ့လေးမှာ PR ဌာနတခုလုံး အပြုံးကိုယ်စီနဲ့ပြန်ကြိုဆိုခဲ့ကြတယ်...
puifai ကလဲ gulf ကိုကြည့်ကာ အပြုံးလေးတွေဝေလို့ပေါ့...

puifai - နင်နော် ပြန်လာတာတောင်ငါ့ကိုကြိုအသိမပေးဘူး

Gulf - မနေ့ကမှာပြန်ရောက်တာပါဟာ mae နဲ့လဲစကားတွေပြောနေတာနဲ့ နင့်ကိုဖုန်းမဆက်မိတာ suprise ဖစ်သွားတယ်မလား

Puifai - ဖစ်ပါ့ ဖစ်ပါ့

Gulf - ဟား....စိတ်ဆိုးမနေပါနဲ့ဟာ လှတာလဲမဟုတ်ပဲနဲ့

Puifai - နင်နော်...

Gulf - ဟား...ဟား...နှုတ်ခမ်း​​ထော်လိုက်တော့ပိုဆိုးသွားပီ

Puifai - တွေ့မယ် နင်လွတ်အောင်ပြေး

နေ့ခင်းထမင်းစားချိန်မှာ စနောက်နေတဲ့သူငယ်ချင်းနှစ်ယောက်

Gulf - အာ့...

Puifai - ဟာ...

puifai ကိုစပီး ရှေ့ကပြေးသွားခဲ့တာ ဓာတ်လှေကားထဲက ထွက်လာတဲ့သးကိုမမြင်ပဲဝင်တိုက်လိုက်မိတာကြောင့် နာသွားပေမဲ့ ကိုယ့်အမှားဆိုတော့တဖက်လူကိုအရင်တောင်းပန်လိုက်တယ်

Gulf - တောင်းပန်ပါတယ်ဗျာ ကျွန်တော်သေချာမကြည့်မိလို့

Mew - company ကို့ ကစားကွင်းနဲ့မှားနေတာပဲ

Gulf - ဟင်...ကိုကို

အသေအချာကိုရင်းနှီးနေတဲ့အသံမို့လို့ မော့ကြည့်လိုက်တော့ မျက်မှောင်ကြုတ်ပီးကြည့်နေတဲ့ CEO

Mew ကလေးငယ်ကိုတွေ့ချင်လာတာကြောင့် နေ့လည်စာစားချိန်ဆိုတော့ ကန်တင်းမှာရှိမယ်အထင်နဲ့ ရောက်လာခဲ့တာ ဓာတ်လှေကားက ထွက်ထွက်ခြင်း ဆိုက်ဆိုက်မြိုက်မြိုက် ကိုယ့်ဆီရောက်လာတဲ့ကိုယ်လုံးလေးကြောင့် ဝမ်းသာသွားပေမဲ့ နောက်ကအမျိုးသမီးငယ်လေးနဲ့တွဲတွေ့လိုက်ရတာကြောင့် သဝန်တိုစိတ်ကထိန်းမရ

Unexpected Love (complete) Where stories live. Discover now