Dad ဆေးရုံဆင်းမည်ဆိုသော No ရဲ့စကားကြောင့် mew ဆေးရုံကိုရောက်လာခဲ့တယ် ဆေးရုံတက်နေတဲ့တပတ်ကျော်အတွင်း စဖစ်တဲ့နေကိုသာသူရောက်လာခဲ့ပီး ကြားထဲတခါမှမလာခဲ့
မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကိုမလိုအပ်သလိုဆက်ဆံပီးမောင်းထုတ်ခဲ့တဲ့သူကို ဘလိုပဲဖခင်ဖစ်နေပေမဲ့ သည်းမခံနိုင်ခဲ့
၃၃နှစ်ဆိုလုံလောက်ပီမလား ဒီလိုအပြောအဆိုတွေကို အခုကစပီး သူ့ဘဝတစ်ခုလုံးက ကလေးငယ်အတွက်သာဖစ်စေရမယ် သဘာဝမကျဘူးပဲပြောပြော သားအဖသံယောဇဥ်ထက် ကလေးငယ်ကသူ့ကိုပေးတဲ့မေတ္တာတွေက ပိုများတယ်ဆိုတာအမှန်ပဲမို့ သူလွန်တယ်မထင်ပါM'dad - ရောက်လာသေးသားပဲ
Mew - dad ပဲမမြင်ချင်ဘူးဆိုလို့မလာခဲ့တာပါ
M'dad - ကောင်းတာပေါ့ကွာ
လှောင်ပြုံးနဲ့ပြောလိုက်တဲ့ Mr.jongcheeveevat ရဲ့အပြုံးတွေက mew အတွက်တော့သိပ်ကိုပူလောင်စေပါတယ်
Mew - ဆေးရုံဆင်းမယ်ဆိုလို့လာခဲ့တာ အဆင်ပြေတာမြင်ပီးပီဆိုတော့ ပြန်တော့မယ်
M'dad - အနည်းဆုံးတော့ ဟိုကလေးကမင်းထက်ကြင်နာတတ်တယ်
ပြန်လှည့်ထွက်ခါနီး ကြားလိုက်ရတဲ့စကားကြောင့် မျက်ခုံးတို့တွန့်ချိုးကာ ပြန်လှည့်ကြည့်မိတယ်
M'dad - သူကမှနေ့တိုင်းလာခဲ့သေးတယ် သွေးသားရင်ဖစ်တဲ့မင်းထက် သူကမှလာခဲ့သေးတယ်
နားမလည်ပါ...dad ဘာကိုပြောချင်တာလဲသူမသိတော့ပါ
Mew - ဘသူ့ကိုပြောတာလဲ
M'dad - တဂယ်ပဲမင်းမသိဘူးလား gulf ကငါ့ဆီနေ့တိုင်းလာခဲ့တယ်
Mew - ကလေးကလား
တဂယ်အံ့သြမိပါတယ် သူတဂယ်မသိခဲ့ပါ ကလေးငယ်ကလဲတခါမှမပြောခဲ့တာလဲပါတာပေါ့
M'dad - သိပ်ဖြူစင်ပီးအေးချမ်းတဲ့ကလေးပါ သူကိုမထိခိုက်စေနဲ့
dad ပါးစပ်က ဒီလိုစကားမျိုးထွက်လာတော့ အံ့သြမိသလို့ ရီလဲရီချင်မိတယ်
Mew - အဟက်...ကလေးငယ်ကိုထိခိုက်စေခဲ့တာ dad ပါ
M'dad - အဲ့အတွက် ငါတောင်းပန်မှာပါ မင်းသူ့ကိုဘာလို့စွဲလမ်းခဲ့လဲ ငါနားလည်ပီ သူကသူ့အနားကလူတွေကို သက်တောင့်သက်သာဖစ်ပီး အေးချမ်းစေတာအမှန်ပဲ
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...