Part 20
ဒီနေ့တော့ gulf ပတ္တရားကိုသွားရမဲ့နေ့ဖစ်တာကြောင့် ယူသွားမဲ့ပစ္စည်းတွေပြင်ဆင်ကာ luggage ဆွဲပီးအောက်ထပ်ဆင်းလာခဲ့တယ်
Gulf - mae...
မီးဖိုခန်းထဲမှာ သူ့အတွက်ဟင်းဘူးတွေပြင်ဆင်ပေးနေတဲ့ mae ဆီသွားလိုက််တယ်
G'mae - အော်....သား အကုန်ပါရဲ့လား မေ့တာတွေရှိသေးလား
Gulf - ဟုတ် အကုန်စစ်ပီးပါပီ
G'mae - ဒီမှာ ဟိုရောက်ရင်စားဖို့ ဟင်းဘူးတွေ ပီးတော့ဘွားဆီကိုလဲအားရင်သွားလိုက်အုံးနော်
mae ကသူပြင်ဆင်ထားတဲ့ဟင်းဘူးတွေကိုပေးရင်းဘွားဆီသွားဖို့ပါတခါထဲပြောလာခဲ့တယ်
Gulf - ဟုတ်ကဲ့ပါ mae ရဲ့...mae လဲကျန်းမာရေးဂရုစိုက်နော် တခုခုဆိုသားကိုဖုန်းဆက် ချက်ချင်းပြန်လာခဲ့မယ်
G'mae - mae က ကျန်းမာရေးကောင်းပီးသားပါကွယ် သားလေးသာ ဟိုမှာတယောက်ထဲဆိုတော့ ဂရုစိုက် အစားအသောက်လဲမှန်မှန်စား ကျန်းမာရေးလဲဂရုစိုက်နော်
တဂယ်ဆို သူတို့မှာ ဒီသားအမိနှစ်ယောက်ထဲရှိတာမို့ တခါမှအခုလိုမခွဲဖူးခဲ့ပါ အခုတော့သားဖစ်သူက အလုပ်ကိစ္စအပြောင်းအရွှေ့ရှိလာတော့ စိတ်ပူရသလိုစိတ်မကောင်းလဲဖစ်မိတယ် ဒါပေမဲ့လဲ သားလေးစိတ်မကောင်းဖစ်မှာစိုးတာကြောင့် ထုတ်တော့မပြောမိ
Gulf - mae သားပိတ်ရက်ဆိုရင်ပြန်လာလည်ပါ့မယ်နော်
gulf ကလဲ mae စိတ်မကောင်းဖစ်နေမှန်းသိတာကြောင့် mae ကိုဖက်ကာ ပြောနေမိတယ်
G'mae - ရပါတယ်သားရယ် သားပင်ပန်းပါတယ် ပိတ်ရက်တိုင်းလာစရာမလိုပါဘူး
Gulf - သားကmae ကိုလွမ်းလို့ပင်ပန်းလဲပြန်လာမှာပဲ
G'mae - ဟား...ဟုတ်ပါပီရှင် ကဲ ကားနောက်ကျနေမယ် သွားတော့
သူ့ကိုဖက်ထားတဲ့ gulf ရဲ့ကျောကုန်းလေးကိုပုတ်ကာ သွားဖို့ပြောလိုက်တယ်
Gulf - ရွတ်...ရွတ် သွားပီနော် mae
gulf မသွားခင်လေး mae ရဲ့ပါးနှစ်ဖက်ကို နမ်းရှိုက်ကာ သူ့ရဲ့ luggage လေးဆွဲပီးထွက်လာခဲ့လိုက်တော့တယ်...
...........
Ring....Ring...Ring...
YOU ARE READING
Unexpected Love (complete)
Fiksi Penggemarချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...