phi loung ဆီကဝင်လာတဲ့ဖုန်းကြောင့် gulf နေ့တဝက်ခွင့်ယူကာ အိမ်ကိုအမြန်ပြန်လာခဲ့တယ်....
mae မူးလဲသွားလို့တဲ့
မနက်ကထိကျန်းမာနေတဲ့ mae က မူးလဲသွားတယ်ဆိုတာကြောင့် gulf စိုးရိမ်စိတ်ကထိန်းမရ တော်ရုံနေမကောင်းမဖစ်တတ်တဲ့ mae က ဘယ်လောက်တောင်အားနည်းသွားလို့မူးလဲသည်ထိဖစ်ရတာလဲ စဥ်းစားနေရင်း bus ကားမစီးနိုင်ပဲ company ရှေ့က taxi တစ်စီးငှားကာ အမြန်ထွက်လာခဲ့ရတယ်...
ဒီသားအမိလေးနှစ်ယောက်ပဲရှိတာမလား....အိမ်ရှေ့ရောက်တာနဲ့ taxi ခ အမြန်ရှင်းပီးအိမ်ထဲပြေးဝင်လာခဲ့တယ်
Gulf - phi loung mae ဘလိုနေလဲ
Loung - အိပ်နေတယ် ဆရာဝန်တော့ခေါ်ပြပီးပီ အားနည်းသွားတာပါတဲ့
mae ရဲ့အခန်းထဲဝင်ကြည့်တော့ ကုတင်ပေါ်မှာလှဲနေတဲ့ အားဖျော့တဲ့မျက်နှာကိုမြင်လိုက်ရလို့ ရင်ထဲပူခနဲ့...ဖခင်ဆုံးသွားထဲက သူ့ကိုတယောက်ထဲစောင့်ရှောက်လာတဲ့ သန်မာတဲ့ mae က အခုလိုအိပ်ယာပေါ်လှဲနေတာ မကြည့်ရက်
Loung - gulf စကားခဏပြောရအောင်
ကုတင်ဘေးထိုင်ကာ mae ကိုကြည့်နေတုန်းစကားပြောချင်တယ်ဆိုတာကြောင့် အပြင်ထွက်လာခဲ့တယ်
Gulf - ကျေးဇူးတင်ပါတယ် phi
Loung - ရပါတယ်ကွာ ပြောရမဲ့လူတွေမှမဟုတ်တာ
Gulf - ဒါနဲ့ phi ကဘလိုလုပ် mae မူးလဲတာသိတာလဲ
Loung - တဂယ်တော့ မနက်က ဆိုင်ထဲလိုအပ်တာတွေဝယ်ဖို့ စျေးထဲသွားတာ စျေးထဲကလူတချို့က gulf အကြောင်းပြောနေကြတယ်
Gulf - ကျွန်တော့်အကြောင်း
Loung - အင်း gulf နဲ့ CEO နဲ့အကြောင်း အားကျသလိုနဲ့ gulf ကိုစော်ကားနေကြတာပေါ့ကွာ CEO ကိုအပိုင်ချုပ်တယ်တို့ဘာတို့ပေါ့
mae လဲစျေးလာဝယ်တယ်ထင်ပါတယ်
သူတို့ပြောတာကြားသွားခဲ့တယ်Gulf - ဗျာ
Loung - အဲ့မှာထဲက မျက်နှာမကောင်းတာတွေ့လို့ phi အိမ်ကိုပြန်ခေါ်လာပေးတာ အိမ်ရောက်တော့ စိတ်လျော့သွားတယ်ထင်ပါတယ် အခုလိုဖစ်သွားတာပဲ
mae လိုသန်မာတဲ့အမေတယောက်တောင် မကြားနိုင်တဲ့အထိ သူ့အကြောင်းတွေက ဆိုးရွားနေခဲ့တာလား
တစ်ယောက်နဲ့တယောက်ချစ်တာ အဲ့လောက်ထိအပစ်ဖစ်သွားခဲ့တာလား mae ကသိသွားပီပေါ့ သူတိူ့အကြောင်းကို
YOU ARE READING
Unexpected Love (complete)
Fanfictionချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...