အဘွားရဲ့စကားအတိုင်း gulf သူ့အခန်းထဲ CEO ကိုခေါ်လာခဲ့လိုက်ရတယ် အခန်းထဲရောက်တော့...
Gulf - ဟို...ကျွန်တော့်အခန်းက ကျဥ်းတယ် အဆင်ပြေပါ့မလား
Mew - ပြေပါတယ်ချာတိတ်ရယ်...ကိုယ်ကမပြောမဆိုနဲ့ လာအိပ်တာကိုအားနာနေတာ ချာတိတ်ကခုလိုဖစ်နေတော့ကိုယ်ကပိုပီးနေရခက်တာပေါ့
Gulf - ကျွန်တော်က CEO မနေတတ်မှာစိုးလို့ပါ
Mew - ကိုယ်အဆင်ပြေတာမို့ ချာတိတ်လဲပေါ့ပေါ့ပါးပါးပဲနေ ဟုတ်ပီလား..
Gulf - ဟုတ်...ရေချိုးတော့မလား
Mew - အင်း ချိုးလိုက်မယ်လေ
Gulf - ဟုတ် ရေချိုးခန်းကဟိုမှာ အထဲမှာ သွားတိုက်တံအသစ်လဲရှိတယ် ဆပ်ပြာတွေမျက်နှာသစ်တွေရော အော် တဘတ်လဲရှိတယ်
သူ့ကိုရေချိုးခန်းထဲရှိတာတွေတခုပီးတခုပြောနေတဲ့ကောင်လေးကိုကြည့်ပီး mew ပြုံးကာ
Mew - ဟုတ်ပါပီကွာ ကိုယ်ဘာသာအထဲရောက်မှကြည့်လိုက်ပါ့မယ်
Gulf - ဟုတ် ကျွန်တော်ရေချိုးပီးဝတ်ဖို့ အဝတ်ထုတ်ထားပေးမယ်
Mew - ဟုတ်ပါပီဗျာ...
mew သူ့ရှေ့ကချာတိတ်လေးကို ခေါင်းလေးအသာပုတ်ပီး ရေချိုးဖို့ဝင်သွားလိုက်တော့တယ်...
gulf မှာတော့ အရင်ကလဲအတူရှိဖူးပေမဲ့ ဒီညတော့ တခန်းထဲအတူနေရမယ်ဆိုတဲ့စိတ်နဲ့ စိတ်လှုပ်ရှားကာ
Gulf - ဟူး....gulf စိတ်ထိန်း အဲ့တာမင်းနဲ့အတူတူပဲ ယောကျ်ားကြီးကွ
gulf သူ့ကိုသူသာ သတိပေးရင်း စိတ်ထိန်းနေလိုက်တော့တယ်....
ခဏနေတော့ mew ဝတ်ဖို့ ညဝတ်
အကျီရှာတော့ အကုန်လုံးက ကာတွန်းဝမ်းဆက်တွေကြီးပဲမို့ gulf အခက်တွေ့နေမိတယ် ဒီမှာက ငယ်ငယ်ကနေခဲ့တာဆိုတော့ ငယ်ငယ်ကအဝတ်တွေပဲရှိပီး သူပြန်လာတဲ့အခါလဲ ရှိတာတွေပဲ ပြန်ဝတ်နေကြဆိုတော့ သူကတော့ကိစ္စမရှိပေမဲ့ CEO နဲ့ကျ ကလေးဆန်နေမှာအသေအချာ...
gulf လဲမရှိတဲ့အဆုံး အဆင်ပြေလောက်မဲ့ တစ်စုံသာထုတ်ပေးပီးစောင့်နေလိုက်တော့တယ်....ခဏနေတော့ mew လဲရေချိုးပီး ရေချိုးခန်းထဲရှိတဲ့ တဘတ်ကိုအောက်ပိုင်းမှာပတ်ပီး အပေါ်ပိုင်းဗလာနဲ့ထွက်လာခဲ့လိုက်တယ်
gulf ကုတင်ပေါ်ထိုင်စောင့်နေရင်း ရေချိုးခန်းတံခါးဖွင့်လာတာကြောင့် ကြည့်လိုက်မိတော့ ရင်အုပ်ကျယ်ကျယ်နဲ့ ဗိုက်သားမှာလဲ ကြွက်သားအပြည့်ရှိနေပီး အောက်ပိုင်းကိုတော့ တပတ်အဖြူပတ်ထားတဲ့ လူကို ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေမိတယ်.....
YOU ARE READING
Unexpected Love (complete)
أدب الهواةချာတိတ်ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကိုယ့်အနားမှာမနေဖို့ပြောခဲ့တယ်လေ ကိုယ့်အနားမှာရှိနေရင် ချာတိတ်ပင်ပန်းရလိမ့်မယ်.... Mew Suppasit ကျွန်တော်ဆုံးဖြတ်ပီးပီ ခဗျားတယောက်ထဲ အထီးကျန်နေတဲ့ဘဝထဲကို ကျွန်တော် လျှောက်လာဖို့...