Seojoon တယောက် Tae Tae ကိုလွှတ်လိုက်ပြီး သူတို့လူကြီးတွေစီးမဲ့ကားဆီအလာ လူအုံနေတာတွေ့လို့သွားကြည့်လိုက်တော့ Minyoung ဖြစ်နေ၍ အနားကိုလျှောက်သွားပြီး ခေါ်လိုက်သည်......
"Minyoung shi။"
"အော် Seojoon shi ~ဒီကိုဘယ်လိုလုပ်ပြီး......"
"အခုခရီးစဉ်ကို အဓိကစီစဉ်တဲ့ Pk company က ကျနော်တို့ company လေ။ဒါနဲ့ Minyoung shi ကရော?"
"ဒီခရီးစဉ်မှာတည်းဖို့ ဟိုတယ်စပွန်ဆာက ကျမတို့ဟိုတယ်လေ။သူဌေးက မအားလို့ ကျမကကိုယ်စားလာရတာ။"
"အော်~ဒါနဲ့အခုဘာပြဿနာများဖြစ်နေလို့လဲဟင်?"
"ဟို~အခုစီးမဲ့ကားက လူပြည့်နေလို့အဲ့ဒါ နည်းနည်းအခက်တွေ့နေတာ။"
"အဲ့ဒါဆို ကျနော့်ကားနဲ့လိုက်ခဲ့လေ။ကျနော်တယောက်တည်းပဲရှိတာ။"
"အားနာပေမဲ့လဲ ကျေးဇူးအများကြီးတင်ပါတယ်။"
Minyoung စကားကြောင့် Seojoon ပြုံးလိုက်မိသည်။သူမဟာ တခြားမိန်းကလေးတွေလိုဟန်ပန်မရှိ ပွင့်ပွင့်လင်းလင်းသာပြောသည်။
"ဟား ဟား အားမနာပါနဲ့ဗျာ~လာသွားကြရအောင်။"
"Nae။"
Seojoon သိပါ့မလား? အနောက်ကလိုက်လာတဲ့ Minyoung ရဲ့ရင်ထဲကုလားဘုရားပွဲလှည့်နေတယ် ဆိုတာ။
💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌
On the car;
Minyoung နဲ့ Seojoon တို့ကားပေါ်မှာ တိတ်ဆိတ်မှုသာကြီးစိုးနေသည်။ထိုတိတ်ဆိတ်ခြင်းကိုဖြိုခွဲလိုက်သူက Seojoon ပင်ဖြစ်သည်။
"Minyoung shi နဲ့ဒီတခေါက်ပြန်တွေ့တာက ဟိုတခါကတွေ့တဲ့ပုံနဲ့ အခြေနေကသက်သက်ဆီပဲနော်။"
"ဘာလို့လဲ?"
"ဟိုတခါတွေ့တုန်းကကျနော်တို့က ဘယ်လိုရင်းနှီးသွားမှန်းကိုမသိလိုက်ဘူး။တိုက်ကားတောင်အတူတူစီးလိုက်သေးတယ်။အခုကျတော့ နည်းနည်းရိုန်နေကြသလိုပဲ။"
"ကျမက မရိုန်ပါဘူး။ရိုန်ရအောင် Seojoon shi ကနေမလို့လား?"
"ဟား ဟား ဟား Minyoung shi ကပျော်တတ်တာပဲ။ကျနော်ကမိန်းကလေးဆိုအဲ့လိုမျိုးမှကြိုက်တာ~ဟန်နဲ့ပန်နဲ့ဆို စကားပြောရတာသိပ်အဆင်မပြေဘူး။"
ВЫ ЧИТАЕТЕ
Fine Wine
Подростковая литератураKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...