အချစ်စစ်မှန်ရင် အဆိုးဆုံးအချိန်တွေမှာပါလက်တွေမဖြုတ်ပဲရှိနေရမယ်မလား?
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
"မောင်~"
မောင်?မောင်က Tae ဆီပြန်လာတာလား?ဒါတွေကတကယ်ပဲလား?မောင်ကပြန်မလာနိုင်တော့ဘူးလေ။ဘာတွေလဲ?Tae အိမ်မက်မက်နေတာလား?
Tae သူမကိုသူမပြန်ရိုက်ကြည့်မိတော့ နာတာမို့ဒါအိမ်မက်မဟုတ်မှန်းသိလိုက်သည်။ဒါဆို...မောင်က Tae ဆီပြန်လာတာလား?
Jk က Tae ကိုပြုံးကာကြည့်နေသည်။Tae ကတော့ Jk နားမသွားပဲသူမကိုယ်သူမပြန်ကိုင်ကြည့်ပြီး ခေါင်းတွေခါကာမယုံနိုင်ဖြစ်နေတော့တယ်။
"Kung ~Kunga~မောင်ပါ။Kung ရဲ့မောင်~"
Jk စကားကြားမှသူမက တဖြေးဖြေး Jk နားလျှောက်လာသည်။ထို့နောက် တုန်ရီနေသောလက်နှစ်ဖက်ဖြင့် Jk ရဲ့မျက်နှာအားအုပ်ကိုင်လိုက်သည်။
Jk ကသူ့ပါးပေါ်ကိုအုပ်ကိုင်ထားတဲ့ Tae ရဲ့လက်သွယ်သွယ်တဖက်ပေါ်ကနေအုပ်မိုးပြီး ဆုပ်ကိုင်ထားလိုက်တယ်။
"မောင်?...တကယ်ပဲ မောင်လား?"
"အင်း...ဟုတ်တယ်။"
ထိုအခါသူမက Jk အားလည်ပင်းမှသိုင်းဖက်ပြီး Jk လည်ပင်းနားမှာမျက်နှာအပ်ရင်းငိုတော့သည်။Jk ရဲ့ကိုယ်သင်းရနံ့ကိုလဲအလွတ်ရသည်...အထိမတ်မတ်မောမောရှူရှိုက်နေမိသည်။Jk ကလဲ Tae ရဲ့ခါးသိမ်သိမ်လေးကိုပွေ့ဖက်ထားလိုက်သည်။
"ကျေးဇူးပါ။ပြန်လာပေးလို့ကျေးဇူးတင်ပါတယ်။"
"တောင်းပန်ပါတယ်။နောက်ကျမှပြန်လာမိလို့။တယောက်တည်းထားခဲ့မိလို့။ဘယ်လောက်တောင်မှပင်ပန်းခဲ့မလဲ..."
Jk တရှိုက်ရှိုက်တုံရီကာငိုကျွေးနေတဲ့ခန္ဓာငယ်လေးကိုပိုမိုတင်းကြပ်စွာပွေ့ဖက်ထားမိသည်။တဦးကိုတဦးလွတ်ထွက်သွားမှာစိုးသည့်အလားတင်းတင်းကြပ်ကြပ်အချိန်တော်တော်ကြာသည်ထိဖက်ထားမိကြသည်။
တယောက်ကိုတယောက်ဆုံးရှုံးရတဲ့ခံစားချက်ကိုသိထားကြတော့ ထပ်ဆုံးရှုံးမှာကိုကြောက်နေမိကြတယ်။
YOU ARE READING
Fine Wine
Teen FictionKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...