Episode 3🍷

649 41 2
                                    

ရှောင်ကာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာတာကို......ဖူးစာလို့ခေါင်းစဉ်တတ်ရမလား?

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

Yg Chim ရဲ့လက်ကိုဆွဲလာကာ ကျောင်းဝန်းထဲကခုံတခုမှာထိုင်စေသည်။ထို့နောက် Chim အရှေ့မုဆိုးဒူးထောက်တဲ့ပုံစံ ထိုလိုက်ပြီး............
"အဆင်ပြေရဲ့လား?"Yg ကမေးလိုက်တော့ သူမကအခုထိခေါင်းမမော့လာ။Min Yoongi ဆိုသည်မှာလဲ အလွန်စိတ်ရှည်တတ်သည်။မျက်နှာကိုဆွဲမော့လိုက်တော့ ငွေရောင်မျက်ရည်စတွေတွဲခိုလို့နေတဲ့ မျက်ဝန်းဟာ အခုချိန်မှာတောင် ကြည့်လိုက်ကောင်းနေခဲ့တယ်။

"အဆင်ပြေလား?ချမ်းနေတယ်မလား?"

"အင်း။"

"အဲ့ဆိုလဲငါ့အနွေးထည်ဝတ်ထားလိုက်။ဆံပင်က......ငါသုတ်ပေးရမလား?"ထိုအခါအံ့ဩခြင်းအဆုံနဲ့ပြူးကျယ်လာတဲ့ မျက်ဝန်းတစုံ။ထို့နောက်ပြာပြာသလဲ ငြင်းလေသည်။

"ရပါတယ်။Chim ဘာသာလုပ်ပါ့မယ်။ကျေးဇူးပါ ကူညီပေးလို့။"

"နာမည်...!"

"ဟင်?"Chim ထထွက်သွားမှ အနောက်ကလှမ်းအော်လိုက်သော ကြောင့် Chim ကြောင်ကာ လှည့်ကြည့်လိုက်တော့............

"နာမည်ဘယ်လိုခေါ်လဲ?"

"အော်......Chim Chim ပါ။Park Chim Chim။"

"လှတယ်။နာမည်ကော လူကော။"ထိုစကားကြားတော့ သူမလေးကရှက်၍ရဲတတ်လာတဲ့ ပါးနှစ်ဖက်က ချစ်စရာအတိ။ရှက်ရှက်ဖြင့် ထိုနေရာမှ ပြေးထွက်သွားတဲ့ Chim ။

အနောက်ကနေကြားလိုက်ရပါသေးတယ်"ကိုယ့်နာမည် Min Yoongi မှတ်ထားနော်။အနွေးထည်ပြန်လာယူမယ်။"ထွက်သွားတဲ့ ကောင်မလေးကော ကျန်နေခဲ့တဲ့ကောင်လေးပါ အပြုံးတွေဝေဆာနေတော့သည်။

💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌

At meeting;
အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသော အစည်းဝေးစားပွဲရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ စီးပွါးရေးလောကရဲ့လျှံလျှံတောက်အောင်မြင်နေတဲ့ Jeon Group ရဲ့ CEO Jeon Jungoo နဲ့ Kim Group ရဲ့ CEO Kim Taeyoo တို့သည် တင်းမာသောမျက်နှာထာဖြင့် ထိုင်နေသည်။ထိုထဲမှတယောက်က...

Fine WineWhere stories live. Discover now