ရိုးရိုးလေးလို့ထင်ထားတဲ့အရာတွေက တခါတလေကျတော့ ရှုပ်နေတတ်သည်။
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
3years later;
Knock knock ✊
"ဝင်ခဲ့ပါ။"
"ဥက္ကထ ဒီမှာလက်မှတ်ထိုးရမဲ့စာချုပ်တွေပါ။"
"ဟုတ်ပြီ။"
"ပြီးတော့ ဥက္ကထနာမည်နဲ့စာတစောင်ရောက်နေပါတယ်။"
အတွင်းရေးမှူးပေးတဲ့ စာအိတ်ကိုလက်ဆင့်ကမ်းယူလိုက်တဲ့ Kim Group ရဲ့ ဥက္ကထ Kim တနည်းအားဖြင့် Kim Tae Tae ပေါ့။
"ဟုတ်ပြီ။သွားလို့ရပြီ အတွင်းရေးမှူး Ji"
Jk ဆုံးသွားပြီးနောက်ပိုင်း Tae ဟာဟိုးအရင်ကထက်ပိုမိုအေးဆက်တဲ့မိန်းကလေးဖြစ်လာခဲ့သည်။သူမဟာအခုဆို Kim Group ကိုလဲဦးစီး ဦးဆောင်နိုင်ပြီဖြစ်သည်။
ဝန်ထမ်းတွေအားလုံးဟာလဲ ဥက္ကထ Kim ဆိုတာနဲ့တုန်နေအောင်ကြောက်ကြသည်။အမျိုးသမီးဥက္ကထဖြစ်သော်လည်း အမျိုးသားဥက္ကထတွေထက်ကြောက်စရာကောင်း ထက်မြက်ပြီး သတ္တိရှိတဲ့ ဥက္ကထပေါ့။
တချို့မိန်းကလေးတွေဟာ မနာလို၍ Tae အားအမြင်မကြည်ကြသော်လည်း တချို့မိန်းကလေးတွေ ကတော့ Tae အားစံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ကြသည်။
Tae Tae ဟာယောက်ျားလေးတွေကြားမှာရေပန်းစားသော်လည်း ဘယ်ယောက်ျားလေးမှသူမနားမကပ်ရဲပေ...
သူမကိုချဉ်းကပ်မိရင် သူမကထိုသူအားဟိုးအောက်ဆုံးရောက်အောင်လုပ်တတ်သောကြောင့်ဖြစ်သည်။
Tae က သူမလက်ထဲကစာအိတ်အားဖွင့်ဖောက်လိုက်သည်။စာအိတ်ထဲကစာက တိုတိုလေးသာ သို့သော်သူမအား ထိုင်ခုံမှမတ်တပ်ထရပ်စေသည်။
^Jeon Jungkook သေဆုံးမှုက လုပ်ကြံသူရှိတယ်။^
Tae အံ့ဩတုန်လှုပ်ကာ အသားတွေပင်တဆက်ဆက်တုန်လာသည်။ထို့နောက် သူမရဲ့ချစ်ရသူအား လုပ်ကြံသူကိုလဲ သူမဒေါသအလွန်ထွက်မိသည်။
သူမရဲ့တောက်စ်ခေါက်သံတချက်ရုံးခန်းထဲဟိန်းထွက်သွားသည်။ထို့နောက် သူမစိတ်ကိုလျော့ကာ အတွင်းရေးမှူးခေါ်တဲ့ခလုပ်အား နှိပ့်လိုက်သည်နှင့်မကြာ အတွင်းရေးမှူး Ji ရောက်လာသည်။
![](https://img.wattpad.com/cover/275972908-288-k176846.jpg)
CZYTASZ
Fine Wine
Dla nastolatkówKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...