ငှက်တွေဟာ လှောင်ပိတ်ခံထားရတာထက် ပျံသန်းနေရတာကိုနှစ်သက်ကြတယ် မဟုတ်လား?ဘယ်ချိန်အန္တရာယ်ကြုံရမှန်းမသိပေမဲ့ သူတို့ပျော်ရွှင်ရာကိုလုပ်ကြသလို ကျမလဲစူးခင်းလမ်းဖြစ်နေရင်တောင် ပျော်ရွှင်မယ်ဆို အဲ့စူးခင်းလမ်းပဲရွေးချယ်မိမှာ။
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
"မောင်?"
သေချာတယ်......အဲ့ဒါ Tae ရဲ့မောင်မှမောင်အစစ်......Jk ကိုတွေ့တာနဲ့ Tae ကကလေးလေးလို ငိုပြီးလက်နှစ်ဖက်ကိုဆန့်တန်းလိုက်ကာ တဖြေးဖြေး Jk ဆီလျှောက်လာတော့ Jk လဲသူမရဲ့ခန္ဓာကိုယ်လေးကို သိမ်းကျုံးကာရင်ခွင်ထဲထွေးပွေ့ထားလိုက်တယ်။
"အီးးးဟီးးးးး......"
"အိုက်ဂူး......မောင့်ရဲ့ကလေးလေးကကောင်းကောင်းငိုနေတာပဲ။ငိုလိုက်ပါ......စိတ်ထဲပေါ့သွားတဲ့အထိပေါ့.....
ဒီအတောအတွင်း Kung ဘေးနားမှာမရှိပေးခဲ့လို့ အခုအတိုးချပြီးနှစ်သိမ့်ပေးမှာမို့ ရင်ထဲမှာတင်းကြပ်နေသမျှကိုဖွင့်ချလိုက်ပါ Tae~"Jk ကလဲပြောရင်းတင်းကြပ်စွာဖက်ထားသလို ကျောလေးကိုပွတ်ပေးလိုက်၊ဆံနွယ်တွေကြားနမ်းလိုက် ၊ခေါင်းလေးကိုပုတ်ပေးလိုက်နဲ့ ကလေးချော့သလိုချော့ပေးနေတော့တယ်။ဝမ်းနည်းနေချိန်တိုင်းချစ်ရသူရဲ့ရင်ခွင်ထဲငိုကျွေးလိုက်ရတာက အကောင်းဆုံးဆေးမဟုတ်လား?.........
.
.
.
.
.
"အင့် ဟင့်...""ရော်~ခုနကအဝငိုပြီးပြီမဟုတ်လား ပေါက်စရဲ့။မငိုနဲ့တော့လေ။"
"အင့်...မငိုပါဘူး။ငိုထားတော့ ...ဟင့် ချက်ချင်းရပ်လို့ရမလား?......နည်းနည်းတော့ အင့် ရှိုက်ဦးမှာပေါ့။အင့်"
Jk ပြောတော့ငိုထားလို့ရဲနေတဲ့နှာခေါင်းလေးရယ် စကားပြောလိုက်တိုင်းဆူထွက်လာတဲ့ နှုတ်ခမ်းရယ်ကြောင့် သူ့မှာအသဲယားလို့မဆုံး.........
"ဟား ဟ...ဟုတ်ပါပြီဗျာ~ကျနော်ကပဲမှားတာပါ။"
"သိရင်ပြီးရော~"
"အား!Kung ဘာလို့အဲ့လောက်ဖို့ကောင်းအောင်နေပြနေတာလဲ?"ဟုပြောရင်း သူမအားဖက်ကာ ညှစ်လိုက်သည်။
STAI LEGGENDO
Fine Wine
Teen FictionKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...