Episode 28 🍷

631 38 4
                                    

အလွမ်းဆိုတဲ့ နာကျင်ရလွန်းတယ်...ငိုကျွေးရုံနဲ့လဲမပျောက်သွား...အဲ့လူပြန်မလာမချင်း နှလုံးသားကိုဆွဲဆုတ်ခံထားရသလို နာကျင်နေရတာ......

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

Sj သူ့ရဲ့အတွင်းရေးမှူးဆီကထို recording ကိုသွင်းထားတဲ့ဖုန်းပိုင်ရှင်အားသိရသည်နှင့် Tae အားဖုန်းဆက်ခေါ်လိုက်တော့ ချက်ချင်းရောက်လာတဲ့ Tae...

"Oppa!ဖုန်းပိုင်ရှင်သိရပြီဆို?"

"အင်း။......ဖုန်းပိုင်ရှင်က...Jungkook တဲ့ Tae လေး။"

Sj စကားဆုံးတော့ Tae ကထိုခုံပေါ်မှာငြိမ်ကျသွားသည်။အလွန်အံ့ဩ၍သူမမျက်ဆံတွေဟာလှုပ်ရှားနေပြီးအထစ်ထစ်အငေါ့ငေါ့ဖြင့်......

"Jung...Jungkook?"

"Tae လေးပြောသလို Jungkook ရဲ့သေဆုံးမှုကလုပ်ကြံသူရှိလောက်မယ်ထင်တယ်။"

ခုနက အံ့ဩသလိုဖြစ်နေတဲ့Tae ကချက်ချင်းဒေါသဘက်သို့ကူပြောင်းသွားကာ ထထွက်သွားရန်ပြင်တော့ Sj အမြန်လက်ကိုလှမ်းဆွဲလိုက်သည်။

"Tae လေးဒေါသကိုရှေ့တန်းမတင်နဲ့။...အမှားတွေဖြစ်နိုင်တယ်။"

ထိုအခါမှ Tae လဲလေပူတချက်မှုတ်ထွက်ကာ စိတ်လျော့လိုက်ပြီး အတွင်းရေးမှူး Ji အားလှမ်းဆက်လိုက်သည်။

"ပြောပါ ဥက္ကထ။"

"ငါလူစုံစမ်းစရာရှိလို့ အတော်ဆုံးလူရှာတဲ့အဖွဲ့ကိုငှါးထားပါ။အသံကြားတာနဲ့စုံစမ်းနိုင်တဲ့အဖွဲ့ကိုလိုချင်တယ်။နားလည်လား?"

"ဟုတ်ကဲ့။နားလည်ပါတယ်။ဒါနဲ့ ဥက္ကထဘာလုပ်!"

"ငါမေးခွန်းတွေမလိုချင်ဘူး။"

အတွင်းရေးမှူးJi စကားမဆုံးခင်ဖြတ်ပြောလိုက်တဲ့ Tae...အတွင်းရေးမှူး Ji ကတော့ Tae ရဲ့ထိုအပြုမူအားမထူးဆန်းတော့ ဘာကြောင့်ဆို Tae ကစိတ်မကြည်ရင်အမြဲ အဲ့လိုပြောနေကြမလို့ဖြစ်ပင်......

"ဟုတ်ကဲ့ တောင်းပန်းပါတယ်။"ထို့နောက်ဖုန်းကျသွားတော့ Tae က Sj ဘက်လှည့်ပြီး......

"Oppa!အဲ့တာဆို Tae သွားတော့မယ်။"

"အင်း ဟုတ်ပြီ။ဒါမဲ့စိတ်လက်မာန်ပါမလုပ်နဲ့နော်။"

Fine WineDonde viven las historias. Descúbrelo ahora