ချစ်ရသူရဲ့အရာရာကို ပိုင်ဆိုင်ချင် သိချင်တာ လူတိုင်းရဲ့ဆန္ဒပဲမဟုတ်လား?
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
စနေနေ့မနက်မှာ Tae တယောက်သူမအမေနဲ့အတူခြံထဲမှာ ပန်းပင်စိုက်နေသည်။ထိုအချိန်အမေဖြစ်သူဆီမှရုတ်တရက်မေးလာသည့်မေးခွန်း......
"သမီး~"
"Nae Omma?"
"Seojoonie နဲ့လက်ထပ်ဖို့ပြောတုန်းကသမီးမှာရည်းစားရှိနေတယ်လို့သိရလို့ သမီးကိုဖုန်းတောင်သိမ်းခဲ့တယ်လေ။"
"ဟုတ်။"
"အခုကော?အဲ့ကောင်လေးနဲ့ကြိုက်နေတုန်းလား?"
"Nae?"
အမေဖြစ်သူရဲ့အရမ်းကိုရုတ်တရက်ဆန်ကာ ဒဲ့တိုးဆန်တဲ့မေးခွန်းကြောင့် သူမပြောစရာစကားတောင်ပျောက်ရှသွားရသည်။
"အခုသမီးကို Omma တို့ကအရင်ကလိုချုပ်ချယ်မှာမဟုတ်တော့ဘူး။ပြောရရင်သမီးက ဒီအိမ်ရဲ့အိမ်ထောင်ကိုထိမ်းဆောင်နေရပြီ။
အရင်က Omma က Omma သမီးလေးကိုကလေးလေး လောကကြီးရဲ့လှည့်ကွက်မှာလှည့်စားခံလိုက်ရမှာဆိုးပြီး အရမ်းချုပ်ချယ်ခဲ့မိတယ်။
ဒါမဲ့ အခုသမီးက Omma တို့ထက်ကိုသန်မာပြီးစိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးအဖြစ်ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ။Omma ကိုသမီးပွင့်ပွင့်လင်းလင်းပြောလို့ရတယ်။"
"Nae~Omma။သမီးအခုထိသူနဲ့ပဲတွဲနေတုန်းပါ။"
"အဲ့ကလေးကို Omma နဲ့ပေးတွေ့လေ။"
"Nae?"
ဒီနေ့ Tae Omma ဆီကအံ့ဩစရာတွေပဲကြားနေရသည်။အခုOmma ကTae ရည်းစားကိုတွေ့ချင်တယ်လို့ပြောနေတာလား?
"ကဲ~သမီးကတော့ ဒီနေ့တနေကုန် "Nae"ပဲပြောနေတော့မှာလား?ပြောပါဦး~ဘယ်လိုလဲ?သမီးကောင်လေးနဲ့ပေးတွေ့မှာလား?"
"Nae~Tae သူ့ကိုပြောပြီးအဆင်ပြေတဲ့ရက်ကျရင် Omma ကိုပြောပါ့မယ်။"
"ဟုတ်ပါပြီရှင်~"
ထိုအခါသူမရဲ့ ချစ်သမီးလေးရဲ့မမြင်ရတာကြာပြီးဖြစ်တဲ့ကလေးဆန်ဆန်အပြုံးလေးကိုမြင်လိုက်ရ၍ Mrs.Kim ရင်ထဲကြည်နူးရသည်။
JE LEEST
Fine Wine
TienerfictieKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...