Episode 14🍷

513 35 8
                                    

ကိုယ်တို့နှစ်ယောက်ကလွယ်လွယ်နဲ့ချစ်ခဲ့ကြတဲ့မဟုတ်တဲ့အတွက် လွယ်လွယ်နဲ့တော့အဆုံးမသတ်ချင်ဘူး။

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

Cheongsam ကျောင်းကြီးပိတ်သွားချိန်မှာတော့ Kim Tae Tae တယောက်သူမရဲ့တဦးတည်းသောအပြင်ထွက်တဲ့အချိန်ကိုဆုံးရှုံးလိုက်ရသည်။ကျောင်းပိတ်သွားတာနဲ့အိမ်ထဲမှာပဲတနေ့တနေ့နေလာရတာ အတော်ကိုငြီးငွေ့စရာကောင်းလှသည်။

Knock knock ✊

"Tae လေးထမင်းစားဖို့ခေါ်ခိုင်းလိုက်တယ်။"

စက်ရုပ်ပေးထားတဲ့အရုပ်တခုလို အချိန်နဲ့စားအချိန်နဲ့လာအချိန်နဲ့သွားဆိုပြီးစည်းကမ်းချက်မြောက်များစွာကိုလိုက်နာနေရသည်။Tae လေးသက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်ပြီး.........

"Nae လာခဲ့မယ်။"

💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌

Mr.Kim ထိုProject အားလက်လွှတ်လိုက်ရသောကြောင့်စာရင်းဇယားပြဿနာ၊အကြွေးကိစ္စတွေနဲ့အလွန်ကိုအလုပ်ရှုပ်နေသည်။

"ဟုတ်ကဲ့။ကျနော်ကနောက်လထဲမှာကျေအောင်ဆပ်မှာပါ။"

^နောက်လမှမဆပ်နိုင်ရင်တော့ စာချုပ်ထဲကအတိုင်းထောင်ချရလိမ့်မယ်။^

"ဟုတ်ကဲ့။ကျေအောင်ဆပ်ပါ့မယ်ဗျ။"

ဖုန်းကျသွားတာနဲ့စိတ်ပင်ပန်းစွာ ခုံနောက်ကိုမှီလိုက်သည်။မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ပြီး စိတ်ညစ်မှုတွေပြေသွားမလားလို့နေပေမဲ့ စိတ်ညစ်မှုတွေဟာမလျော့သွား......

စိတ်ပင်ပန်းလာတာနဲ့အမျှJeon Jungoo နဲ့ Jeon Jungkook အပေါ်ကအမုန်းတရားတွေပိုမိုများလာရသည်။ဒီကိစ္စဟာ Jeon Group နဲ့မဆိုင်ဘူးဆိုတာကိုမေ့လျှက်ပေါ့.........

"တောက်စ်!!!!Jeon Jungkook!မင်းကမလောက်လေးမလောက်စားနဲ့ငါ့ကိုရန်လာရှာတယ်ပေါ့။မင်းကိုလုံးဝမကျေနပ်ဘူး။"

Mr.Kim သည်သူ့ရဲ့စိတ်ခံစားချက်မှန်သမျှကို ဒဏ္ဍာရီရေးလေ့ရှိသည်။ဒီရက်ပိုင်းမှာတော့ သူ့စာအုပ်ထဲနေရာယူထားသည်မှာ Jeon သားဖပဲဖြစ်သည်။

Jungkook တို့အပေါ်အမုန်းတရားတွေ၊မကောင်းကြောင်းတွေသားရေးထားသည်။မနက်ထဲကအလုပ်ခန်းထဲကထွက်မလားတဲ့ Mr.Kim သည်ထမင်းစားချိန်ရောက်တဲ့အထိအောက်မဆင်းလာသောကြောင့် Mrs.Kim မှာလာခေါ်ရသည်။

Fine WineNơi câu chuyện tồn tại. Hãy khám phá bây giờ