အချစ်ဆိုတာ သိပ်ဆန်းကျယ်သား...............
မထင်မှတ်ထားတဲ့အရာတွေဟာလဲဖြစ်နေတတ်သလို ထင်ထားတဲ့အတိုင်းလဲဖြစ်လာတတ်တယ်............🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
ဒီနေ့Jeon စံအိမ်ကြီးထဲကအိမ်ကြီးရှင် Mr.Jeon သည်အပြုံးပန်းတွေဝေဆာကာ Company သို့သွားရန်ပြင်ဆင်နေသည်......အကြောင်းရင်းမှာတော့ ဒီနေ့ဟိုတလောကနိုင်သွားတဲ့ Project အား Kim Group မှငြို့နှိုင်းရန်ချိန်းဆိုထားသောကြောင့်ဖြစ်သည်။
"အမယ်~Yeabo!ရှင်ဒီနေ့သိပ်ကိုပျော်မြူးနေပါလား?"
မှန်အရှေ့တွင်ပျော်မြူးနေသော သူမ၏ခင်ပွန်းသည်အား Mrs.Jeon တံခါးဝမှပြောခြင်းဖြစ်သည်။
"ဟုတ်တယ်~ဒီနေ့ Kim Group ကိုသွားရမယ်~Project ကိစ္စဆွေးနွေးချင်လို့တဲ့။"
"ဟင်?အဲ့ဒါကိုရှင်ကလက်ခံလိုက်တာလား?ရှင်တို့ရထားပြီးသားကိုဘာလို့ ပြန်ဆွေးနွေးဦးမှာလဲ?"
"ငါကလဲမဆွေးနွေးပါဘူး~တမင်ချိန်းတာကိုလက်ခံလိုက်တာ~သူ့ကိုအနိုင်နဲ့သွားပိုင်းမလို့!ဒါနဲ့မင်းသားကော?သွားနှိုးလိုက်ဦး...သူပါလိုက်ရမှာ"
"အင်းပါ။"
Mrs.Jeon ရင်လေးမိသည်။သူမရဲ့အမျိုးသားအငြိုးကြီးတာသူမအသိဆုံး......Mr.Kim ဆိုတာနဲ့ကလဲဟိုအရင်ကတည်းကပြိုင်လာကြတာ...ဒီအသက်ဒီအရွယ်ရောက်တဲ့အထိပဲ......
💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌
Jk တယောက်အိမ်မက်ထဲမှာ သူ့ရဲ့ချယ်ရီလေးနဲ့ကြည်နူးနေတုန်းသူ့နားထဲစူးဝင်လာတဲ့ မာတာမိခင်၏အသံကြောင့် အိမ်မက်ကမ္ဘာမှလက်တွေ့ကမ္ဘာဆီရောက်ရှိလာလေသည်။
"Jeon Jungkook!!!!!"
"အာ~Omma!!ဘာလို့အဲ့လောက်အော်နေတာလဲ?"
"ထတော့!ထတော့!သွားစရာရှိတယ်။"
"Omma ကလဲဒီနေ့ကကျောင်းပိတ်ရက်လေ~ဘာလို့လာနှိုးနေတာလဲ?"
မျက်လုံးမပွင့်ပဲဆူပုတ်ကာ ပြောနေသောသူမရဲ့သားဖြစ်သူအား Mrs.Jeon အသဲယားဆွဲနှာခေါင်းလုံးလုံးလေးကိုဆွဲညစ်လိုက်တော့...
"အာ့!Omma!"
"ကဲပါကိုယ်တော်ချောရယ်~ထတော့!မင်းAppa ကဒီနေ့သူနဲ့ Company ကိုလိုက်ခဲ့ရမယ်တဲ့။"
![](https://img.wattpad.com/cover/275972908-288-k176846.jpg)
YOU ARE READING
Fine Wine
Teen FictionKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...