ရေစက်ရှိလို့ဆုံရတယ်ဆိုရင် ရေစက်ကုန်ရင်ကွဲရမယ်ပေါ့။ဒါမဲ့ ကိုယ်ကတော့မင်းနဲ့ရေစက်မကုန်ဖို့ အဆင်သင့်မဖြစ်သေးဘူး။
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
Jk ဒီနေ့ပထမဦးဆုံး Busan မှာကျောင်းစတက်သည်။ကျောင်းဝန်းဟာ နယ်ဘက်ဖြစ်အလျောက်သူတို့ ဆိုးလ်ကကျောင်းလောက်တော့ မကြီးပါ.........
ကျောင်းသူ၊ကျောင်းသားတွေဟာလဲ အေးအေးဆေးဆေးရှိကြပုံ အလှအပတွေကိုဦးစားပေးထားခြင်း၊အပြိုင်အဆိုင်တွေရှိပုံမရ.........
Jk ကျောင်းထဲဝင်ဝင်သွားခြင်း ကျောင်းအုပ်ကြီးရုံခန်းကိုလိုက်ရှာနေတုန်း သူ့ခေါင်းတည့်တည့်အား ထိမှန်လာသည့် ဘောလုံးတလုံး လူကိုမူးနောက်သွားတာပဲ......
Jk စိတ်တိုတိုနဲ့ဟောက်ရန်လှည့်ကြည့်ခါမှ ပိုဒေါသထွက်သွားရသည်မှာ ခပ်တည်တည်ပဲသူ့ဘောလုံးကိုကောက်ပြီးပြန်သွားရန်ပြင်နေသော မိန်းကလေးကြောင့်ဖြစ်သည်။
"Yah!ဒီမှာနင်တောင်ငါ့ကိုတောင်းပန်ရမယ်မဟုတ်လား?"
"ဟ့!ဘာတွေလာပြောနေတာလဲ?နေမကောင်းလဲသွားနားတော့။"
"ဒီမှာ နင်ငါ့ကိုအခုချက်ချင်းတောင်းပန်လိုက်ပါ။ငါမိန်းကလေးကိုလက်မပါချင်ဘူး။"
"ဘာ?ငါ့ကိုများမိန်းကလေးတဲ့။"ဟုဒေါကြီးမောကြီးပြောကာ Jk ဆီကျရောက်လာတဲ့လက်သီးတချက်ဟာ လျင်မြန်လွန်းလို့သူရှောင်ချိန်တောင်မရလိုက်။
"အ့!......မင်း!"ဟုပြောကာ Jk လဲပြန်ထိုးရန်ပြင်လိုက်သည်။Jeon Jungkook ဆိုသည်မှာ Kim Tae Tae ကလွှဲရင်တခြားဘယ်မိန်းကလေးနေနေ ယောက်ျားလေးနေနေသည်းခံတတ်တဲ့ထဲမပါပါ။သို့သော်အား တားလာသောလူတယောက်......
"မ မ မလုပ်ပါနဲ့။တောင်းပန်ပါတယ်။သူ့အစားကျနော်ကတောင်းပန်ပါတယ်။"
လာတားတဲ့ ကောင်လေးကြောင့် စိတ်နည်းနည်းလျှော့လိုက်သည်။
"တောင်းပန်ပါတယ်။Yah!Min Joose ပြန်တောင်းပန်လိုက်။"
"နင်လဲလက်သီးစာမိချင်တာလား?"
"အခုချက်ချင်းတောင်းပန်လိုက်!!!"
"Je Sanhwang "
![](https://img.wattpad.com/cover/275972908-288-k176846.jpg)
DU LIEST GERADE
Fine Wine
JugendliteraturKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...