Episode 11🍷

556 40 1
                                    

ဘဝမှပထမဦးဆုံးရင်ခုန်ရသူ၊ပထမဦးဆုံးအချစ်နဲ့ နောက်ဆုံးအချစ်ဟာတယောက်တည်းဖြစ်လာမယ်လို့မထင်ခဲ့ဘူး။

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

မြူမှုန်တွေလွှမ်းခြုံနေသော ဆောင်းဦးမနက်ခင်းတခုဟာထုံးစံတိုင်းလှပနေခဲ့သည်။နေမင်းကြီးဟာလဲ မြူမှုန်တွေကြားမှမပီမသတောက်ပနေသည်။သို့သော် Cheongsam အထက်တန်းကျောင်းထဲမှာတော့ ဘေးကနေပြဿနာလိုက်ရှာနေတဲ့ Chim အားရှင်းပြနေတဲ့Tae Tae .........

"နင်ကငါ့ကိုအရေးမထားတာပေါ့။ငါ့ကိုလျှို့ဝှက်ချက်တွေထားနေပြီပေါ့။"ငိုမဲ့မဲ့နဲ့ပြောလာတဲ့ သူငယ်ချင်းလေးအား ချော့ရန်ပြင်ရသည်။

"မဟုတ်ပါဘူးဟယ်~ငါကဘာလို့နင့်ကိုလျှိုရမှာလဲ?အဲ့နေ့ညကမှချစ်သူဖြစ်သွားတာလေ။ငါပြန်လာတော့နင်ကအိပ်နေပြီ~

နောက်နေ့ကျတော့လဲ ငါ့ဖုန်းကိုနင်ကကွဲခိုင်းလိုက်လို့ ငါတို့ရန်ဖြစ်နေကျတာနဲ့မပြောဖြစ်တာပါဟာ။"

ဟုတ်ပါတယ်။Tae ရဲ့တဦးတည်းသောသူငယ်ချင်းလေး Park Chim Chim ဟာ Tae နဲ့ Jk တို့ချစ်သူဖြစ်သွားတာကို မနေ့ညက Yoongi ကညကြီးChim ကိုလာတွေ့တာ Hoseok နဲ့ Jk တို့ပါလာလို့မေးလိုက်တာကနေ Tae နဲ့မောင်ချစ်သူဖြစ်သွားမှန်းသိသွားပြီး သူမကိုအရင်မပြောလို့ဆိုပြီး ဒီနေ့မနက် Tae ကိုရစ်နေခြင်းပင်.......

"ဘာပဲဖြစ်ဖြစ်ဟာ~နင့်ရဲ့သူငယ်ချင်းအရင်းကြီးဖြစ်ပြီးသူများပြောမှသိရတာ ငါဝမ်းနည်းတယ်။"

ကဲ!အခုလဲကြည့်!တမနက်လုံးလိုက်ချော့နေတာတောင် စကားကြီးစကားကျယ်နဲ့ Drama ခင်းသေးသည်။တကယ်ပါ လူပုသလောက်လျှာရှည်နေတာ။တခါတလေကြရင်ပါသေးတယ်"ငါကတကယ်တော့ ကမ္ဘာပေါ်မှာမရှိသင့်တာ။ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကြီးကတောင်ငါ့ကိုအရေးမထားဘူး။"တဲ့...

Tae အပြစ်ကအဲ့သလောက်တောင်ကြီးသွားသလား?သူများကြားရင်တော့ Tae ကလူဆိုးမကြီးဖြစ်ဦးမယ်။Tae ကလဲစိတ်မရှည်တတ်တဲ့လူဆိုတော့ ချော့ရတာသိပ်စိတ်မရှည်တော့...

Fine WineTempat cerita menjadi hidup. Temukan sekarang