အချစ်စစ် အချစ်မှန်ဆိုတာ တယောက်နဲ့တယောက်ရဲ့ကြိုဖြစ်မဲ့အနာဂတ်ကိုတောင် နှလုံးသားကခံစားမိတာမျိုး.........
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
"သမီး Seojoonie ကိုလက်ထပ်ရမယ်။"
Tae အလွန်အံ့ဩ၍ ဘာပြောရမှန်းတောင်မသိတော့ဘူး။ငလျင်လှုပ်သွားသလို ရင်ထဲမှာတုန်လှုပ်သွားရကာကြောင်တောင်တောင်ဖြစ်သွားသည်။
"ဘာ...ဘာလို့လဲ Abeoji?"
"လက်ထပ်ဆိုလက်ထပ်လိုက်ပေါ့။"
"Abeoji သမီးကိုအကြောင်းပြချက်တော့ပေးသင့်တယ်မထင်ဘူးလား?"
"နင်ငါတို့ မိဘတွေအပေါ်ကျေးဇူးဆပ်တယ်လို့သဘောထားလိုက်။"
သူမလက်ထပ်ဖို့ကိစ္စကို ကလေးကစားစရာဆော့သလို ပေါ့ပျက်ပျက်ပြောနေသောအဖေဖြစ်သူကြောင့် သူမစိတ်တိုလာရသည်။
သူမဘဝတခုလုံးတခြားတစိမ်းယောက်ျားလက်ထဲအပ်ရမှာတောင် အကြောင်းပြချက်ရေးရေးရာရာ မပေးပဲလက်လွှတ်စပယ် ထည့်ပေးနိုင်တဲ့ Mr.Kim ကိုသူမအံ့ဩနေသည်။
"Abeoji!အခုလက်ထပ်ရမှာသမီးနော်။Abeoji ရဲ့သမီးအရင်းခေါက်ခေါက်နော်~
ကိုယ့်သမီးကိုသူများပေးဖို့ကို ဒီလောက်တောင်လွယ်လွယ်လေးပြောနေရလား?!!!!"Tae ထွက်လာသောဒေါသအားမထိန်းနိုင်တော့ပဲ အော်သလိုပြောလိုက်မိတော့......
"နင်ငါ့ကိုမအော်နဲ့။"
"သမီးလက်မထပ်နိုင်ဘူး။"
"Kim Tae Tae!နင်ဘယ်သူကိုပြန်ခံပြောနေတာလဲ?"
"သမီးလက်မထပ်နိုင်ဘူး။"ဟုပြောကာ သူမရဲ့ကျလုဆဲဆဲမျက်ရည်အား Mr.Kim မတွေ့အောင်သုတ်ပြီးထွက်သွားသည်။
အခန်းအပြန်ကိုရောက်တာနဲ့ဘယ်သူ့ကိုမှစကားမပြောပဲ ကားပေါ်တတ်သွားတဲ့ Tae ကြောင့် Nj နဲ့ Jin လဲကြောင်တောင်တောင်ဖြင့်လိုက်ရလေ၏။
.
.
.
.
.
အခန်းထဲမှာကျန်ခဲ့တဲ့ Mr.Kim ကတော့သူ့သမီးထွက်သွားမှ ခုံပေါ်ကိုထိုင်ချကာ တင်းကြပ်နေတဲ့ ခံစားချက်ကြီးကိုဖြေလျှော့ရန် ငိုကြွေးနေတော့သည်။

STAI LEGGENDO
Fine Wine
Teen FictionKim Tae Tae ဘာကိုမှရွေးချယ်ခွင့်မရတဲ့ ကျွန်မဘဝမှာ တခုတည်းသော ရွေးချယ်ခွင့်ကိုရွေးရမယ်ဆိုရင် အဲ့ဒါရွေးချယ်မှုက.........ရှင်ပဲဖြစ်မှာပါ Jeon Jungkook Jeon Jungkook မင်းရဲ့မွန်းကြပ်စရာကောင်းတဲ့ဘဝကြီးကိုပြစ်ပြီး ကိုယ့်ဆီလာခဲ့ပါ။ကိုယ်မင်းကိုပျော်ရွှင...