Episode 15 🍷

517 31 4
                                    

နှင်းဝေချိန်တိုင်းလွမ်းတယ် Kung ရဲ့ဘဝကိုအေးချမ်းစေတဲ့ ဆောင်းဘုရင်ကြီးရယ်~

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

Yg Chim အတွက်ဝယ်ပေးထားတဲ့ hourglass လေးကိုကောင်တာမှာရှင်းပြီးပြန်ရောက်လာတော့ Jk ကစောင့်နေတဲ့နေရာမှာမရှိနေသောကြောင့် သူ့မှာလိုက်ရှာရသေးသည်။စိတ်ထဲကလဲ မေတ္တာပို့လျက်ပေါ့......

"အဲ့ကောင် Jeon Jungkook ဘယ်ရောက်သွားတာလဲမသိဘူး။"

ထိုအချိန်ဆိုင်ထဲဝင်လာတဲ့ Jk ကိုတွေ့၍ Yg ပါးစပ်ပြင်ပြီးသွားလိုက်သည်။

"Yah!ဟျောင့်!......"

Yg အော်ရန်စကားစပြီးခါမှ မျက်လုံးတွေနီရဲပြီးငိုထားသလိုဖြစ်နေတဲ့ Jk ကြောင့်ပြောလက်စစကားပျောက်ရှသွားသည်။

"Yah!ဟျောင့်!မင်း..."

"ဝယ်ပြီးပြီးလား?ပြန်မယ်။"

Yg စကားမဆုံးခင်ဖြတ်ပြောပြီးထွက်သွားတဲ့ Jk အားပါးစပ်အဟောင်းသားဖြင့်ကြည့်ရင်းကျန်ခဲ့သည်။သို့သော်သူ ဘာဖြစ်တာလဲ လို့လဲမမေးရက်.....

.ငယ်ငယ်တည်းကပေါင်းလာတဲ့သူငယ်ချင်းတွေပဲ သူ့မျက်နှာကြည့်တာနဲ့သိတာပေါ့။Jk ကအရမ်းကိုတတ်ကြွတဲ့လူငယ်တယောက်။

သူငိုတယ်ဆိုတာရှားတယ်။အရာရာကိုအကောင်းမြင်ဝါဒကျင့်သုံးတဲ့သူ့သူငယ်ချင်းနဲ့အမြဲသတ်ပေမဲ့ ဒီလိုမြင်တော့လဲစိတ်မကောင်း.........

💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌

Jk ထွက်သွားလိုက်ကတည်းကသူမ ထိုင်ငိုနေတာ ဘယ်လောက်ကြာသွားမှန်းမသိ.........သူမအားသတိလာပေးတဲ့လူရှိလို့သာ ထိုနေရာကထွက်လာခဲ့လိုက်တာ......

ခုနကနေရာကိုပြန်ရောက်တော့ သူ့အားတွေ့သည်နှင့်ပြုံးပြလာတဲ့ Seojoon Oppa ကိုလဲပြန်မပြုံးပြမိ...။ကိုယ့်ရင်ထဲကဒဏ်ရာကိုကိုယ်သာသိသည်လေ။

"Tae လေး။ဘာဖြစ်လာတာလဲ?"

"Oppa!ဒီနေ့ Jungkook နဲ့တွေ့မိတာတွေကိုအိမ်ကိုပြန်မပြောပါနဲ့နော်။"

"အင်းပါ။မပြောပါဘူး။အဲ့လိုထက် Oppa ကိုဘာဖြစ်လာလဲမပြောပြချင်ဘူးလား?"

Fine WineOù les histoires vivent. Découvrez maintenant