Episode 21🍷

539 39 6
                                    

ဝမ်းနည်းပင်ပန်းလာရင် ချစ်ရသူရဲ့ရင်ခွင်ကိုသာ ခိုလုံချင်မိတာ သဘာဝပဲမလား?

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

Jk အလုပ်ရှုပ်နေတုန်း ဝင်လာတဲ့ဖုန်းသံကိုကြောင့် Sh အမှတ်နဲ့အားရဝမ်းသာကြည့်လိုက်ပေမဲ့ နံပါတ်စိမ်းဖြစ်နေတာကြောင့် စိတ်ပျက်စွာကိုင်လိုက်သည်။

"Yeabosayo?ဘယ်သူပါလဲ?"

"............"

တော်တော်နဲ့ပြန်မဖြေသော တဖက်ကလူနဲ့ အစထဲကကြည်မနေတဲ့စိတ်ကြောင့် စိတ်မရှည်စွာအော်လိုက်မိသည်။

"Yeabosayo!လာနောက်နေတယ်ဆိုလဲ အားမနေဘူး။"

Jk ဖုန်းချရန်ဆဲဆဲမှာ တဖက်ကညင်သာတိုးဖျစွာထွက်ပေါ်လာတဲ့ အသံငယ်လေးကြောင့် Jk ရင်ခုန်သံဟာဟန်ချက်မညီစွာ ထွက်ပေါ်လာတဲ့...

"မောင်~"

ထိုအသံလေး......ထိုအသံလေးဟာသူဒီ ၉လလုံးလွမ်းနေခဲ့ရတဲ့အသံလေး...သူ့ရဲ့ရင်ခုန်သံ Kung လေးပင်......

"Ku...Kung?Kung မဟုတ်လား?"

"အင်း...ဟုတ်တယ်။Kung ပါမောင်~"

"Kunga~မောင်ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ ဒီအသံလေးကို...ဖြစ်နိုင်ရင် မောင်အခုချက်ချင်းတောင်ပြေးလာချင်လိုက်တယ်။"

"မောင်ပြောတော့ ၃လပြည့်ရင်ပြန်လာမယ်ဆိုပြီး ပြန်လဲမလာဘူး။Kung ကို Joose တို့လာမရှင်းပြရင် မောင်က Kung ကိုထားသွားပြီလို့ထင်နေခဲ့တာ...."

အဖျားမှာ တုန်ယင်သွားတဲ့သူမအသံလေးကြောင့် Jk လဲစိတ်မကောင်း......သူမလေးဘယ်လောက်တောင် စိတ်ထိခိုက်သွားရှာမလဲ?

"မောင်~မောင်တောင်းပန်ပါတယ် Kunga~"

"မဟုတ်တာ~မတောင်းပန်ပါနဲ့။တောင်းပန်တာတွေကို Kung မလိုအပ်ဘူး။အခုလို မောင်ဘက်က Kung ကိုဆက်သွယ်ဖို့......ဆက်သွယ်ဖို့ကြိုးစားတာနဲ့တင် Kung ကျေနပ်တယ်။ကျေးဇူးပါ......မောင်~"

အခုချိန်မှာ သူမအခုကြုံတွေ့နေရတဲ့အခြေနေတွေအားလုံးကို မောင့်ကိုရင်ဖွင့်ပြီးမောင့်ရဲ့ထွေးပွေ့မှုကိုတောင်းတပေမဲ့ Tae မပြောရက်ဘူး။

Fine WineWhere stories live. Discover now